မင်းတပ်မြို့တွင် အကြမ်းဖက် စစ်ကောင်စီတပ်၏ စစ်ကြောင်းများက  ဆရာ ဆရာမများကို စစ်ဆေး နှိပ်စက်နေ၍ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ စာသင်ကြားမှုများ ရပ်နားထားရ

ပုံအညွှန်း - မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပညာရေးကဏ္ဍက ဦးဆောင်၍ စာသင်ကြားပေးနေစဉ်က ပုံ

ဇန်နဝါရီ 15, 2022 | ပညာရေး| အခြားဒေသများ

ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် အာဏာသိမ်း စစ်‌ကောင်စီ၏ စစ်ကြောင်းများကြောင့် အချို့ရွာများ၌ စာသင်ကြားမှု ခေတ္တရပ်နားထားရကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၁၅)ရက်နေ့တွင် ထုတ်ပြန်သည်။

မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပညာရေးကဏ္ဍကဦးဆောင်၍ ကျေးရွာပေါင်း (၁၃၆)ရွာတွင် ကျောင်းသားပေါင်း (၆,၀၀၀) ကျော်အား  ဗော်လံတီယာ ဆရာ၊ ဆရာမများဖြင့် လွန်ခဲ့သည့် (၃)လကျော်ကတည်းက သင်ကြားရေး စတင်နေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီက အဆိုပါ သင်ကြားရေးဆရာ၊ ဆရာမအချို့ကို စစ်ဆေးနှိပ်စက်မှုများ ပြုလုပ်နေပြီး ကျောင်းသုံးပစ္စည်းများ သယ်ယူခြင်းကိုလည်း စစ်ဆေးရေးဂိတ်များတွင် ပိတ်ပင်ဖျက်ဆီးခြင်းများ လုပ်နေကြောင်း သိရသည်။

အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီသည် မင်းတပ်မြို့နယ်အတွင်း ကျောင်းသုံးပစ္စည်းများ သယ်ယူခြင်းကို ပိတ်ပင်သည့်နည်းတူ ဆေးဝါး၊ ဆန်၊ တာလပတ်၊ စောင်စသည်တို့ကိုပါ သယ်ယူခွင့်ပိတ်ပင်၊ ဖျက်ဆီးခြင်းများ လုပ်နေကြောင်း သိရသည်။