တိုင်းပြည်အတွက် အသက်ပေး ကာကွယ်သွားသည့် ဒီးမော့ဆို PDF မှ တပ်ဖွဲ့ဝင် (၂)ဦး၏ ကျန်ရစ် မိသားစုအတွက် NUG က ကျပ်သိန်း(၂၀) ထောက်ပံ့ ကူညီ

Photo: ပြည်သူ့ကာကွယ်ရေးတပ်(ဒီးမော့ဆို)
Photo: ပြည်သူ့ကာကွယ်ရေးတပ်(ဒီးမော့ဆို)
တိုင်းပြည်အတွက် အသက်ပေး ကာကွယ်သွားသည့် ဒီးမော့ဆို PDF မှ တပ်ဖွဲ့ဝင် (၂)ဦး၏ ကျန်ရစ် မိသားစုအတွက် NUG က ကျပ်သိန်း(၂၀) ထောက်ပံ့ ကူညီ
ဇန်နဝါရီ 15, 2022 | ကယား

တိုင်းပြည်အတွက် အသက်ပေးကာကွယ်သွားသည့် ဒီးမော့ဆို PDF မှ တပ်ဖွဲ့ဝင် (၂)ဦး၏ ကျန်ရစ် မိသားစုအတွက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ကျပ်သိန်း(၂၀) ထောက်ပံ့ ကူညီပေးပို့လာရာ ကျန်ရစ်သူ မိသားစုထံ ပေးအပ်ပြီးစီးကြောင်း ဒီးမော့ဆို PDF ၏ ပြန်ကြား​ရေးအဖွဲ့က သတင်းထုတ်ပြန်လာသည်။

ထောက်ပံ့ငွေကို ပြည်သူ့ကာကွယ်ရေးတပ်(ဒီးမော့ဆို)၏ ဗဟိုဦးဆောင်ကော်မတီက  ယနေ့ ဇန်နဝါရီလ (၁၅)ရက်နေ့တွင် ရဲဘော်၏ မိသားစုထံပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျဆုံးခဲ့ရသည့် ရဲဘော် မောင်အန်ဘရောရှိသည်   ဒီးမော့ဆိုမြို့၊  ငွေတောင်ဆည်နီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့်  မဟာမိတ်ပူးပေါင်းတပ်တို့အကြား ဇန်နဝါရီလ(၃)ရက်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း  ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူနေစဉ်  ဇန်နဝါရီလ(၆)ရက်က ကျဆုံးခဲ့ခြင်း ဖြစ်သည်။

ရဲဘော် ဦးအာလေးရှိသည်လည်း ဒီးမော့ဆိုမြို့နယ်အတွင်း ငွေတောင်ဆည်အနီး တိုက်ပွဲအပြီးတွင်  နယ်မြေရှင်းလင်းနေစဥ် အကြမ်းဖက်စစ် ကောင်စီတပ်ဖွဲ့၏ ထောင်ထားသည့် မိုင်းကို  ဇန်နဝါရီလ(၁)ရက်က နင်းမိပြီး ရရှိသောဒဏ်ရာဖြင့် ဆေးကုသမှုခံယူနေစဉ် ကျဆုံးခဲ့ခြင်း ဖြစ်သည်။

ပြည်သူ့ကာကွယ်ရေးတပ်(ဒီးမော့ဆို)သည် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့(NUG)၏ ကာကွယ်ရေးဝန်ကြီးဌာန၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်တွင် ရှိပြီး ပြည်နယ်အတွင်း တော်လှန်ရေး တပ်ဖွဲ့များဖြင့် ပူးပေါင်းကာ စစ်အာဏာရှင်စနစ်ကျဆုံးရေးအတွက် တိုက်ပွဲဝင်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်ကြောင်း သိရသည်။