USDP အပါအဝင် မဲမနိုင် ပါတီ  (၁၇)ခု စုပေါင်းပြီး အာဆီယံသို့ သဘောထားကြေညာချက်ထုတ်

USDP အပါအဝင် မဲမနိုင် ပါတီ  (၁၇)ခု စုပေါင်းပြီး အာဆီယံသို့ သဘောထားကြေညာချက်ထုတ်
အောက်တိုဘာ 28, 2021 | အခြားဒေသများ

အာဆီယံထိပ်သီးအစည်းအဝေးသို့ မြန်မာအာဏာသိမ်းအဖွဲ့ ဖိတ်ကြားခြင်း မခံရသည့် ကိစ္စနှင့် ပတ်သက်၍ ၂၀၂၀ရွေးကောက်ပွဲတွင် မဲအပြတ်အသတ် ရှုံးနိမ့်ခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) ဦးဆောင်သည့် မထင်မရှား နိုင်ငံရေးပါတီ စုစုပေါင်း (၁၇)ဦးက ပူးတွဲသဘောထားချက်ကို အောက်တိုဘာလ(၂၈)ရက်နေ့တွင် ထုတ်ပြန်လာသည်။

အာဆီယံထိပ်သီးအစည်းအဝေးသို့ နိုင်ငံရေးအရ ကိုယ်စားမပြုသည့် ကိုယ်းစားလှယ်ကို ဖိတ်ကြားခြင်းသည် ကိုယ်စားလှယ်၏ အဆင့်ကို နှိမ့်၍ ဖိတ်ကြားခြင်း၊ မိန့်ခွန်းပြောခြင်း နှင့် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ကန့်သတ်ထားခြင်းသည် အာဆီယံပဋိညာဉ်စာတမ်းပပါ မူ၊ လုပ်ထုံးလုပ်နည်းများနှင့် အာဆီယံ၏ ထုံးတမ်းအစဉ် ကွဲလွဲနေသည်ဟု ထုတ်ပြန်ထားသည်။

ယင်းအပြင် အာဆီယံအနေဖြင့် မူလချမှတ်ထားသည့် ပဋိညာဉ်များ၊ မူဘောင် လုပ်ထောင်လုပ်နည်းများကို တိကျစွာ ထိန်းသိမ်းလိုက်နာခြင်းဖြင့် အဖွဲ့ကြီး၏ အမှီအခိုကင်းမှု၊ လွတ်လပ်မှု၊ ဂုဏ်သိက္ခာများကို ထူထောင်ပါရန်၊ အဖွဲ့ဝင်နိုင်ငံအားလုံး၏ ယုံကြည်လေးစား ပူးပေါင်းဆောင်ရွက်မှုဖြင့် အာဆီယံအသိုင်းအဝန်း၏ အကျိုးစီးပွားကို ဖော်ဆောင်ပေးရန် မဲမနိုင်ပါတီများက တိုက်တွန်းထားခြင်း ဖြစ်သည်။