ကနီမြို့နယ်အတွင်း အလယ်ကျွန်းရွာအနီး အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မ‌တော်၏ မိုင်းဆွဲ  တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်တပ်ဘက် သေဆုံးနှင့် ဒဏ်ရာရရှိသူ များပြား

Photo: DRPA
Photo: DRPA
ကနီမြို့နယ်အတွင်း အလယ်ကျွန်းရွာအနီး အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မ‌တော်၏ မိုင်းဆွဲ  တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်တပ်ဘက် သေဆုံးနှင့် ဒဏ်ရာရရှိသူ များပြား
ဇန်နဝါရီ 10, 2022 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်း အလယ်ကျွန်းရွာအနီးတွင် အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မ‌တော်(DRPA)မှ မိုင်းဆွဲ  တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်တပ်ဘက်က သေဆုံးနှင့် ဒဏ်ရာရရှိသူ များပြားကြောင်း DRPA ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ 

ကနီနယ် အလယ်ကျွန်းရွာအနီးတွင် DRPA တပ်ဖွဲ့မှ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းအား ယနေ့ နေ့လည်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၂)ဦးသေပြီး ပျုစောထီး(၅)ဦးဝန်းကျင် ဒဏ်ရာရကြောင်း ထုတ်ပြန်ထားသည်။

ဒဏ်ရာရ လူနာများကို အာဏာသိမ်းစစ်တပ်ဘက်က လှည်းဖြင့် ကနီမြို့ပေါ်သို့ သွားပို့စဉ် DRPA မှ လမ်းကနေ ထပ်မံကြားဖြတ်တိုက်ခဲ့ခြင်း‌ကြောင့် တိုက်ပွဲ ဖြစ်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲတွင် DRPA မှ လက်လုပ် လက်နက်ကြီးဖြင့် ပစ်ရာ စစ်ကောင်စီတပ်သား(၄)ဦး ထပ်မံဒဏ်ရာရသွား‌ပြီး တပ်သား(၁)ဦးနှင့် အရာခံဗိုလ်(၁)ဦး သေကြောင်း ထုတ်ပြန်သည်။

ဇန်နဝါရီလ(၈)ရက်နေ့၏ ညကလည်း ကနီမြို့ပေါ်တွင် ကင်းလှည့်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်များကို သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သေဆုံးသူနှင့်ဒဏ်ရာရရှိသူများရှိခဲ့ကြောင်းလည်း သိရသည်။

#TachileikNewsAgency