ဖားဆောင်းမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၀၀ ကျော်သေပြီး ဗျူဟာမှူးအပါအဝင် (၅၆)ဦး အရှင်ဖမ်းမိ

ဖားဆောင်းမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၀၀ ကျော်သေပြီး ဗျူဟာမှူးအပါအဝင် (၅၆)ဦး အရှင်ဖမ်းမိ

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်အတွင်း ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၂၉)ရက်နေ့မှ ဧပြီလ (၁၂)ရက်နေ့အထိ တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား (၁၀၀)ကျော်သေပြီး (၅၆)ဦး အရှင်ဖမ်းဆီးရမိခဲ့ကြောင်း DMO ၁၀၀၆ တပ်ရင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ထံမှ သိရသည်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၂၉)ရက်နေ့က ဖားဆောင်းမြို့နယ်အတွင်းရှိ စေတီတော်များတွင် စခန်းချနေထိုင်နေသော စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖက်မှ အရာရှိ(၁)ဦးအပါအဝင် (၅)ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။



  

အဆိုပါတိုက်ပွဲအတွင်း ပိတ်မိနေသည့် အရပ်သား (၁၃၀)ကျော်ကို တော်လှန်ရေးတပ်ဖွဲ့များက ကယ်ထုတ်ခဲ့ပြီး ဘေးကင်းရာနေရာများသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

မတ်လ (၂၀) ရက်နေ့တွင် ဘောလခဲမြို့မှ ဖားဆောင်းမြို့သို့ စစ်ကူလာနေသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဖားဆောင်းမြို့နယ် ပါပုကျေးရွာ‌အနီးတွင် တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၁၆)ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြာင်းသိရသည်။

ဧပြီလ ၁၂ ရက်နေ့‌တွင်လည်း ဘောလခဲမြို့မှ ဖားဆောင်းမြို့သို့ စစ်ကူလာသည့် စစ်ကောင်စီတပ်ဖွဲ့များကို တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက် ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ (၈၀)ဦးကျော် သေဆုံးပြီး ဗျူဟာမှူးအပါအဝင် (၅၆)ဦး အရှင်ဖမ်းမိခဲ့ကာ လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရခဲ့သည်ဟု ဆိုသည်။

အဆိုပါတိုက်ပွဲများကို  အလယ်ပိုင်းတိုင်း ကရင်နီစစ်ဒေသ PDF တပ်ရင်းများ၊ ကလလတ၊ KA၊ KNDFနှင့် အခြားတပ်ပေါင်းစုများ ပါဝင်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo : DMO ၁၁၀၆ တပ်ရင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်