အောင်ပန်းမြို့တွင် COVID 19 အတည်ပြုလူနာ (၂)ဦးထပ်တွေ့၍ အတည်ပြုလူနာ (၂၉)ဦးအထိတိုးလာ

Photo: အောင်ပန်းနာရေးကူညီမှုအသင်း
Photo: အောင်ပန်းနာရေးကူညီမှုအသင်း
အောင်ပန်းမြို့တွင် COVID 19 အတည်ပြုလူနာ (၂)ဦးထပ်တွေ့၍ အတည်ပြုလူနာ (၂၉)ဦးအထိတိုးလာ
ဇွန် 28, 2021 | Covid-19| ရှမ်းတောင်

ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ်၊ အောင်ပန်းမြို့တွင် ၂၀၂၁ ခုနှစ် ဇွန်လ (၂၈) ရက်နေ့၌ အတည်ပြုလူနာ (၂) ဦး တိုးလာသည့်အတွက် အတည်ပြုလူနာ စုစုပေါင်း အတည်ပြုလူနာ (၂၉) ဦးရှိလာပြီဖြစ်သည်။

ယနေ့ ထပ်တိုးလာသည့် အတည်ပြုလူနာများမှာ ယမန်နေ့က စစ်ဆေးတွေ့ရသည့် အတည်ပြုလူနာနှင့် ထိစပ်သူ (၅) ဦး အား ကလောပြည်သူ့ဆေးရုံသို့ ပို့ဆောင်စစ်ဆေးရာမှ အတည်ပြုလူနာ (၂) ဦးတွေ့ရခြင်းဖြစ်သည်ဟု သိရသည်။

ထပ်တိုးတွေ့ရသည့် အတည်ပြုလူနာအမျိုးသား (၂) ဦးနေထိုင်ရာ ရွာသစ်ရပ်ကွက်နှင့် ညောင်ပင်ထောင်ရပ်ကွက်တို့မှ နေအိမ်များကို အောင်ပြည့်စုံသွေးအသင်းနှင့် နာရေးကူညီမှုအသင်း(အောင်ပန်း)တို့ ပူးပေါင်း၍ ပိုးသတ်ဆေးဖြန်းပေးထားကြောင်း သိရသည်။

အောင်ပန်းဆေးရုံတွင် COVID -19 အတည်ပြုလူနာ အမျိုးသား (၅) ဦး၊ ကလေးငယ် (၁)ဦးနှင့် အမျိုးသမီး (၁၇)ဦးရှိနေပြီး အောင်ပန်းမှ အတည်ပြုလူနာ အမျိုးသား (၃)ဦးနှင့် အမျိုးသမီး (၃)ဦးကို တောင်ကြီး စဝ်စံထွန်းဆေးရုံသို့ ပို့ပေးထားသည်ဟု သိရသည်။