အာဏာသိမ်းခေါင်းဆောင်၏ (၉)လသားမြေး မွေးရာပါနှလုံးရောဂါကုရန် အိန္ဒိယမှ အထူးကုဆရာဝန်များကို ရန်ကုန်ခေါ်

Photo: India Today
Photo: India Today
အာဏာသိမ်းခေါင်းဆောင်၏ (၉)လသားမြေး မွေးရာပါနှလုံးရောဂါကုရန် အိန္ဒိယမှ အထူးကုဆရာဝန်များကို ရန်ကုန်ခေါ်
ဇန်နဝါရီ 7, 2022 | အခြားဒေသများ

အာဏာသိမ်းကာလအတွင်း နှလုံးရောဂါဖြင့် မွေးဖွားလာသည့် အာဏာသိမ်းခေါင်းဆောင်၏ မြေးကို ကုသရန်အတွက် အိန္ဒိယနိုင်ငံ ဟိုင်ဒရာဘတ်မှ ကလေးနှလုံးအထူးကုသရေးဆရာဝန်နှစ်ဦး ပြီးခဲ့သည့် ရက်သတ္တပတ်က ရန်ကုန်မြို့သို့ သွားရောက်ခဲ့သည်ဟု India Today သတင်းက ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၆) ရက်နေ့တွင် သတင်းဖေါ်ပြလာသည်။

အာဏာသိမ်းခေါင်းဆောင်၏ မြေးကို အိန္ဒိယမှ နာမည်ကျော် Rainbow Children’s Heart Institute (RCHI)မှ ဒေါက်တာ Nageswara Rao Koneti နှင့် ဒေါက်တာ Shweta Bakhru တို့ကိုခေါ်၍ ကုသခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကုသမှုအပြီးတွင် ရေတပ်ဦးစီးချုပ်က အိန္ဒိယမှ ဆရာဝန်အဖွဲ့အား ရေတပ်ဌာနချုပ်နှင့် ပြတိုက်များသို့ အလည်အပတ်ဖိတ်သည်ဟုလည်း သိရသည်။

ပြည်သူ့အသက်ပေါင်းများစွာ ဆုံးရှုံးရသည့် အာဏာသိမ်းကာလအတွင်း မွေးဖွားလာသည့် အာဏာသိမ်းခေါင်းဆောင်၏ မြေးတွင် မွေးရာပါနှလုံးရောဂါပါလာခြင်းဖြစ်ကြောင်း သိရသည်။