ဖယ်ခုံမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၏ မိဘများနေအိမ်ကို အာဏာသိမ်းစစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်

ဒေါ်မေရီနျို့၏ မိဘများနေအိမ်ကို လက်နက်ကြီး ထိမှန်ထားပုံ
ဒေါ်မေရီနျို့၏ မိဘများနေအိမ်ကို လက်နက်ကြီး ထိမှန်ထားပုံ
ဖယ်ခုံမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၏ မိဘများနေအိမ်ကို အာဏာသိမ်းစစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်
By Tachileik News Agency

ရှမ်းပြည်နယ် (တောင်ပိုင်း) ဖယ်ခုံမြိုနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေရီနျို့၏ မိဘများနေအိမ်ကို အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီ၏ တပ်ဖွဲ့က ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့ ညပိုင်းက လက်နက်ကြီးဖြင့် ပစ်ခတ်ကြောင်း သိရသည်။



အာဏာသိမ်းစစ်တပ်က အဆိုပါ ပစ်ခတ်မှုကို ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်ခြင်းဖြစ်သည်ဟု ဖယခုံ PDF က ဇန်နဝါရီလ (၅) ရက်နေ့ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားပြီး ဒေါ်မေရီနျို့သည် ညောင်ကုန်း (၅) ရပ်ကွက်ရှိ မိဘများနေအိမ်တွင် အာဏာသိမ်းမသိမ်းမီ ကာလများက နေထိုင်နေခဲ့ခြင်းဖြစ်ကြောင်းသိရသည်။



ဖယ်ခုံမြို့နယ် ကြံ့ခိုင်ရေးပါတီရုံးအပါအဝင် နေရာ (၃)ခုတွင် ယမန်နေ့ည ၁၁ နာရီဝန်းကျင်က ပေါက်ကွဲမှုများ ဖြစ်ပွားပြီးနောက် ဖယ်ခုံရှိ အာဏာသိမ်းစစ်တပ်က လွှတ်တော်ကိုယ်စားလှယ်၏ မိဘများနေအိမ်ကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



ပြည်သူ့ဆန္ဒကို ဆန့်ကျင်၍ နိုင်ငံ့အာဏာသိမ်းထားသည့်အဖွဲ့သည် ပြည်သူများအား အကြောက်တရားဖြင့် ထိန်းချုပ်ရန် ကြိုးစားနေပြီး ၎င်းတို့စစ်တပ်ရောက်သည့် မြို့၊ရွာများတွင် ပေါက်ကွဲမှုများဖြစ်ပါက လူနေအိမ်များ မီးရှို့မည်ဟု ခြိမ်းခြောက်မှုများလည်း လုပ်နေသည်ကို တွေ့ရသည်။