ဒီးမော့ဆို ထူးလွှီးဘီလာတွင် အာဏာသိမ်းစစ်တပ်နှင့် KA၊ KNDF ပူးပေါင်းအဖွဲ့တို့အကြား (၈)နာရီခွဲအကြာ တိုက်ပွဲ ဖြစ်ပွား

ဒီးမော့ဆို ထူးလွှီးဘီလာတွင် အာဏာသိမ်းစစ်တပ်နှင့် KA၊ KNDF ပူးပေါင်းအဖွဲ့တို့အကြား (၈)နာရီခွဲအကြာ တိုက်ပွဲ ဖြစ်ပွား
ဇန်နဝါရီ 3, 2022 | ကယား

ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ထူလွှီးဘီလာကျေးရွာအနီး သဲတောင်တွင် ဖရူဆိုဘက်မှ စစ်ကြောင်းထိုး လာသော အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီတပ်များကို ကရင်နီတပ်မတော်(KA) နှင့် KNDF တို့ ပူးပေါင်းခုခံတိုက်ခိုက်မှုအတွင်း အာဏာသိမ်းတပ်ဘက်မှ သေဆုံးထိခိုက်မှုများကြောင်း သိရသည်။

အဆိုပါတိုက်ပွဲမှာ နံနက် (၁၀)နာရီခွဲဝန်းကျင်မှ ည (၇)နာရီဝန်းကျင်အထိ အချိန် (၈)နာရီခွဲကြာ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြပြီးနောက် အာဏာသိမ်းစစ်တပ်ဘက်မှ အနည်းဆုံး (၁၀)ဦးထက်မနည်း သေဆုံးမည်ဟု KNDF က ခန့်မှန်းသည်။

‌‌‌ဒီးမော့ဆိုမြို့နယ်အတွင်း ယခုရက်ပိုင်း တိုက်ပွဲများ ဆက်တိုက်နီးပါးဖြစ်ပွားနေပြီး  ငွေတောင်ဆည်အနီး၊ ရွှေရောက်ရပ်ကွက်တွင် ဒီဇင်ဘာလ (၃၁) ရက်နေ့မှ ယနေ့ ဇန်နဝါရီ (၃) ရက်နေ့အထိ အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီတပ်များနှင့် KA၊ KNDF ၊ PDF ပူးပေါင်းအဖွဲ့တို့ကြား တိုက်ခိုက်မှုများတွင် တိုက်ပွဲများ ပြင်းထန်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲများအတွင်း ဇန်နဝါရီလ (၂) ရက်နေ့က ရွှေရောက်တိုက်ပွဲတွင် အာဏာသိမ်းစစ်တပ်ဘက်မှ (၃)ဦးသေပြီး ကရင်နီတပ်မတော်မှ ရဲဘော်တစ်ဦးနှင့် PDF ပူးပေါင်းမဟာမိတ်တပ်ဖွဲ့မှ ရဲဘော်တစ်ဦးကျဆုံးခဲ့သည်ဟု သိရသည်။