ဒီးမော့ဆိုမြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်မှ လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်မှုကြာင့် လူနေအိမ်(၂)လုံး ပျက်စီးဆုံးရှုံး 

ဒီးမော့ဆိုမြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်မှ လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်မှုကြာင့် လူနေအိမ်(၂)လုံး ပျက်စီးဆုံးရှုံး 
မေ 25, 2021 | ကယား

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ဒေါငံခါးရပ်ကွက်နှင့် တနန်းဥကွိုင်ရပ်ကွက်တွင် မေလ (၂၅)ရက်နေ့ နံနက်အစောပိုင်းက  အာဏာသိမ်းစစ်တပ်မှ  ပစ်ခတ်လိုက်သည့် လက်နက်ကြီးများ ထိမှန်ခဲ့သောကြောင့် လူနေအိမ်(၂) လုံးပျက်စီး ဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့သည်။

ဒီးမော့ဆိုမြို့နယ်အတွင်း မေလ (၂၅)ရက် နံနက်အစောပိုင်းမှစ၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)နှင့် အဏာသိမ်းစစ်တပ်တို့  တိုက်ပွဲများပြင်းထန်​စွာ ဖြစ်ပွားနေခဲ့ပြီး  စစ်ကောင်စီဘက်မှ  သံချပ်ကာအမြှောက်ကားများ၊ လက်နက်ကြီးများဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

#TachileikNewsAgency

Photo: ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆိုမြို့နယ်,KnIC,Poe Heart Phyu