မိုးဗြဲမြို့၊ ညောင်ဝိုင်းရပ်ကွက်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဝင်တိုက်ရာ စစ်ကောင်စီတပ်သား (၂၀) ကျော်သေပြီး (၂)ဦးအရှင်မိ၊ အသက်ရှင်သူများ ထွက်ပြေးသွား

  Photo: Mobye People Defense Force
  Photo: Mobye People Defense Force
မိုးဗြဲမြို့၊ ညောင်ဝိုင်းရပ်ကွက်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဝင်တိုက်ရာ စစ်ကောင်စီတပ်သား (၂၀) ကျော်သေပြီး (၂)ဦးအရှင်မိ၊ အသက်ရှင်သူများ ထွက်ပြေးသွား

 ရှမ်း - ကယားနယ်စပ်၊ မိုးဗြဲမြို့၊ ညောင်ဝိုင်းရပ်ကွက်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားအများ အပြားသေပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း မိုးဗြဲ PDF က သတင်းထုတ်ပြန်သည်။

အဆိုပါ စစ်ကောင်စီတပ်ကို ၂၀၂၃ခုနှစ်၊ ဧပြီလ(၂၆)ရက်၊ နံနက် (၆ )နာရီမှ (၉)နာရီခွဲအထိ အချိန်(၃)နာရီခွဲဝန်းကျင်အကြာ တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး အထိနာသည့် စစ်ကောင်စီတပ်သည် လက်နက်ကြီးပစ်ကူများ၊ တိုက်လေ ယာဥ်ဖြင့် (၄) ကြိမ်လာရောက် ပစ်ခတ်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ (၂၀)ဦးထက်မနည်း သေပြီး (၂) ဦးအရှင်ဖမ်းမိကာ အချို့မှာ ထွက်ပြေးလွတ်‌မြောက်သွားကြသည်ဟု သိရသည်။

ပူးပေါင်းအဖွဲ့မှလည်း ဒဏ်ရာရသူအချို့ရှိခဲ့ပြီး စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကြောင့် မိုးဗြဲမြို့ရှိ ဒေသခံများ၏ နေအိမ် အမြောက်အများ ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု သိရသည်။

မိုးဗြဲမြို့တွင် စစ်ရေးအခြေအနေတင်းမာနေ၍ ဖြစ်ပွားရာနေရာများနှင့် အနီးတစ်ဝိုက်တွင် ဒေသခံများအနေဖြင့် အသွားအလာများ၊ နေရပ်ပြန်များ မပြုလုပ်ကြသေးရန် သတိပေးထားသည်။

စစ်ကောင်စီတပ်သား အများအပြား သေဆုံးနေပုံ

တိုက်ခိုက်မှုကို အမှတ် (၁၀၀၁) မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် MBPDF B-01၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF B-03၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF B-01 နှင့် မြို့ပြတော်လှန်ရေးတပ်ဦး (URF)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။