ပုလဲမြို့နယ် သုံးကန်ကျေးရွာအတွင်း စစ်ကောင်စီတပ်နှင့်ပျူစောထီးများကို PDF များက တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်က အများအပြားသေပြီး PDF များဘက်က (၄)ဦး ကျဆုံး

ပုလဲမြို့နယ် သုံးကန်ကျေးရွာအတွင်း စစ်ကောင်စီတပ်နှင့်ပျူစောထီးများကို PDF များက တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်က အများအပြားသေပြီး PDF များဘက်က (၄)ဦး ကျဆုံး

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ သုံးကန်ကျေးရွာတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီး အင်အား(၁၀၀)ဝန်းကျင်ကို မတ်လ(၁၂)ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ခိုက်ခဲ့ရာ ပျူစောထီးနှင့် စစ်ကောင်စီတပ်သား အများအပြားသေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (၄)ဦး ကျဆုံးခဲ့ရကြောင်း သံမဏိ Force - MPDF က ယနေ့ မတ်လ(၁၃)ရက်တွင် သတင်းထုတ်ပြန်လာသည်။

အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို သံမဏိ Force - MPDF၊ Pale  People's Defence Force  PPDF၊ ပုလဲ မြေပြန့်ဒေသကာကွယ်ရေးအင်အားစု - PPDG၊Pale People's Defence Force - Headquarters ၊ ပုလဲ  ပ.က.ဖ၊ ပုံတောင်တိုက်ဂါး၊  Pale Jokers နှင့် ရွှေဓါးဗိုလ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲမှာ မိနစ်(၄၀)ဝန်းကျင်ကြာမြင့်ခဲ့ပြီး ပြည့်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်(၄)ဦးကျဆုံးကာ (၄)ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့‌ကြောင်းနှင့် ကျဆုံးသွားသည့်ရဲဘော်များမှာ PPDF မှ  (၂)ဦး၊ ပုလဲ ပ.က.ဖ မှ (၁)ဦး၊ ဒေသခံလုံခြုံရေးတပ်သား (၁) ဦးတို့ဖြစ်ကြောင်း သိရသည်။