လိပ်သိုမြို့နယ်မှဆင်းလာသည့် စစ်ကောင်စီတပ်ကို KNLA နှင့် ပူးပေါင်းတပ်များက နှစ်ရက်ကြာ တိုက်ခိုက်

စစ်ကောင်စီတပ်ဘက်မှ တိုက်ပွဲဖြစ်ပွားရာအနီးရှိ သံမိုးတောင်ကျေးရွာကို မီးရှို့ခဲ့ရာ နေအိမ် ( ၈ )လုံး မီးလောင်ပျက်စီးခဲ့
စစ်ကောင်စီတပ်ဘက်မှ တိုက်ပွဲဖြစ်ပွားရာအနီးရှိ သံမိုးတောင်ကျေးရွာကို မီးရှို့ခဲ့ရာ နေအိမ် ( ၈ )လုံး မီးလောင်ပျက်စီးခဲ့
လိပ်သိုမြို့နယ်မှဆင်းလာသည့် စစ်ကောင်စီတပ်ကို KNLA နှင့် ပူးပေါင်းတပ်များက နှစ်ရက်ကြာ တိုက်ခိုက်

 ကရင်ပြည်နယ်၊ လိပ်သိုမြို့နယ်မှ ဆင်းလာသည့် အာဏာသိမ်းစစ်ကောင်စီတပ်ကို KNLA နှင့် ပူးပေါင်းတပ်များက နှစ်ရက်ကြာတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က အထိနာပြီး ဒေသခံများ၏ နေအိမ်များကို မီး ရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

၂၀၂၃ခုနှစ်၊ မတ်လ (၃၁)ရက်နေ့၏ ညနေပိုင်းက လိပ်သိုမြို့မှ ဆင်းလာသည့် စစ်ကောင်စီတပ်၏ ကား (၃) စီးကို KNLA တပ်မဟာ(၂)တပ်ရင်း (၅)နှင့် PDF ပူးပေါင်းတပ်များက ရေပူစမ်းအနီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်၏ ကားတစ်စီးပျက်စီးသွားပြီး ထိခိုက်သေဆုံးသူရှိခဲ့သည်ဟု KNU တပ်မဟာ ( ၂ )ကဆိုသည်။

ယင်းနေ့၏ ညဘက်တွင် စစ်ကောင်စီတပ်ဘက်မှ တိုက်ပွဲဖြစ်ပွားရာအနီးရှိ သံမိုးတောင်ကျေးရွာကို မီးရှို့ခဲ့ရာ နေအိမ် ( ၈ )လုံး မီးလောင်ပျက်စီးခဲ့ရကာ ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။ 

 

ဧပြီလ (၁)ရက်နေ့၏ နံနက်ပိုင်းကလည်း သံမိုးတောင်ရွာမှ ပြန်ဆင်းလာသော စစ်ကောင်စီတပ်များကို မုဒ်ဦးရွာအရောက်တွင် တစ်ကြိမ်၊ ဆိတ်ကုန်းရွာအရောက်တွင် တစ်ကြိမ် ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးသူ ရှိခဲ့ကြောင်း သိရသည်။

နေ့လည်ပိုင်းတွင် ၎င်းစစ်ကောင်စီတပ်သည် မွန်ကုန်းရွာနှင့် ရှုခင်း သာရွာကြား၌ လက်နက်ကြီး၊ လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ် ကာ ဆုတ်ခွါသွားသည်ဟု သိရသည်။

Photo: Thaw Thi Kho