အချုပ်အခြာအာဏာကို ထိပါးလာမှု မရှိစေရေး တားဆီးကာကွယ်ရေးအတွက် မဲဆောက်တွင် ထိုင်းဘက်က  အင်အားတိုးချဲ့ထားပြီး  ကင်းလှည့်

Photo: Morsai News
Photo: Morsai News
အချုပ်အခြာအာဏာကို ထိပါးလာမှု မရှိစေရေး တားဆီးကာကွယ်ရေးအတွက် မဲဆောက်တွင် ထိုင်းဘက်က  အင်အားတိုးချဲ့ထားပြီး  ကင်းလှည့်
ဒီဇင်ဘာ 27, 2021 | နိုင်ငံတကာသတင်း

နယ်စပ်ဒေသ KNU ထိန်းချုပ်နယ်မြေအတွင်း အာဏာသိမ်းအကြမ်းဖက် စစ်တပ်မှ နယ်ကျော်တိုက်ခိုက်မှုများ ပြုလုပ်နေ၍ အိမ်နီချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံက မဲဆောက်ဒေသအတွင်း အချုပ်အခြာအာဏာကို ထိပါးလာမှုမရှိစေရေး တားဆီးကာကွယ်ရေးအတွက် ထိုင်းတော်ဝင်တပ်မတော် နှင့် နယ်ခြားစောင့်တပ်များက ယနေ့ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ (၂၇)ရက်နေ့ နံနက်ပိုင်းက အင်အားတိုးချဲ့ထားပြီး စစ်လက်နက်အပြည့်အစုံဖြင့် လှည့်ကင်း ပတ်ကင်းများ လုပ်ဆောင်နေလျက်ရှိကြောင်း သိရသည်။

မြန်မာ - ထိုင်းနယ်စပ်ဒေသ လေ့ကောကော်တွင် အာဏာသိမ်းစစ်တပ်က တဖက်သတ် နယ်ကျော်တိုက်ခိုက်လာမှုများ ယနေ့ ဒီဇင်ဘာလ(၂၇)ရက်နေ့အထိ ကုန်းကြောင်းအပြင် လေကြောင်းဖြင့်ပါ ပစ်ခတ်တိုက်ခိုက်နေလျက်ရှိရာ ဒေသခံပြည်သူများမှ သောင်းနှင့်ချီ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးသိမ်းရှောင်နေကြရသည်။

အကြမ်းဖက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် အာဏာသိမ်းစစ်တပ်၏ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ထိုင်းနိုင်ငံဘက်အခြမ်းသို့ လက်နက်ကြီး ကျည်(၁၀)လုံး ကျော်အထိ ကျရောက်မှုလည်း ဖြစ်ပွားခဲ့သည်။

ယနေ့ ၂၀၂၁ခုနှစ်  ဒီဇင်ဘာ (၂၇) ရက် နေ့လည် (၁)နာရီခွဲဝန်းကျင်ကလည်း အာဏာသိမ်းစစ်တပ်က KNU ထိန်းချုပ်နယ်မြေဖြစ်သည့် လေကေ့ကော်၊ မဲထော်သလေးနှင့် မယ်ဝါးခီးဒေသများကို း စစ်လေယာဉ် (၂) စင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်နေသည်။