မလေးရှားသံအမတ်က နေပြည်တော်တွင် ဝန်ကြီးအား လာတွေ့ခြင်းမှာ ရဲတံခွန်သဘာဝဓာတ်ငွေ့ယာယီဆိုင်းငံ့ကြောင်း အသိပေးခြင်းသာဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီကို အသိအမှတ်ပြုခြင်းမဟုတ်ကြောင်း ထုတ်ပြန်

မလေးရှားသံအမတ်က နေပြည်တော်တွင် ဝန်ကြီးအား လာတွေ့ခြင်းမှာ ရဲတံခွန်သဘာဝဓာတ်ငွေ့ယာယီဆိုင်းငံ့ကြောင်း အသိပေးခြင်းသာဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီကို အသိအမှတ်ပြုခြင်းမဟုတ်ကြောင်း ထုတ်ပြန်

မလေးရှားသံအမတ်က ၂၀၂၁ ခုနှစ်၊ ဧပြီလ (၇) ရက်နေ့က နေပြည်တော်တွင် စစ်ကောင်စီ၏ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးအား တွေ့ဆုံခြင်းမှာ မလေးရှားအစိုးရအနေဖြင့် အာဏာသိမ်းစစ်ကောင်စီအား အသိအမှတ်ပြုခြင်း မဟုတ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက မီဒီယာများသို့ ထုတ်ပြန်လိုက်သည်။

 

ယင်းတွေ့ဆုံမှုမှာ PETRONAS Carigali Myanmar (Hong Kong) Limited (PCML) က မြန်မာနိုင်ငံရှိ ရဲတံခွန် သဘာဝဓာတ်ငွေ့ရှာဖွေရေးလုပ်ငန်းကို ယာယီဆိုင်းငံ့ကြောင်းကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသို့ လာရောက်အသိပေးခြင်းဖြစ်သည်ဟု သိရသည်။

မလေးရှားနိုင်ငံအနေဖြင့် မြန်မာနှင့်ပတ်သက်၍ ရပ်တည်ချက်ရှင်းရှင်းလင်းလင်း ဖေါ်ပြထားပြီးဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်၊ နိုင်ငံရေးအကျဉ်းသားများအား ချက်ချင်းလွှတ်ပေးရန်၊ တွေ့ဆုံညှိနှိုင်းအဖြေရှာရန်၊ နိုင်ငံနှင့်ပြည်သူများအကျိုးကိုရှေးမှု၍ ငြိမ်းချမ်းတည်ငြိမ်သည့်လုပ်ငန်းစဉ်များ ဖေါ်ဆောင်ရန် မလေးရှားက တိုက်တွန်းထားပြီး မလေးရှားက မြန်မာပြည်သူများနှင့်အတူ ရပ်တည်မည်ဟု ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။