ဒီးမော့ဆိုမြို့နယ် ရှေ့ဖက်ခြမ်းတိုက်ပွဲတွင် ကျဆုံးသွားသည့် KAဒုဗိုလ် ခူလီးရယ်ဈာပနပြုလုပ်

ဒီးမော့ဆိုမြို့နယ် ရှေ့ဖက်ခြမ်းတိုက်ပွဲတွင် ကျဆုံးသွားသည့် KAဒုဗိုလ် ခူလီးရယ်ဈာပနပြုလုပ်
သြဂုတ် 4, 2023 | 2021 Military Coup| ကယား

ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ် ရှေ့ဖက်ခြမ်းတိုက်ပွဲတွင် ကျဆုံးခဲ့ရသည့် ကရင်နီတပ်မတော်(KA) အမှတ်(၅)တပ်ရင်းမှ ဒုဗိုလ် ခူးလီးရယ်၏ ဈာပနအခမ်းအနားကို ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၄)ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဩဂုတ်လ (၂)ရက်နေ့က ဖြစ်ပွားခဲ့သည့် ဒီးမော့ဆိုမြို့နယ် ရှေ့ဖက်ခြမ်းတိုက်ပွဲတွသ် ဒုဗိုလ်ခူးလီးရယ် ကျဆုံးခဲ့ရခြင်းဖြစ်ပြီး ကရင်နီပြည်နယ် လွတ်မြောက်ရေးနှင့် စစ်အာဏာရှင် အမြစ်ပြတ်ခြေမှုန်းရေးအတွက် အစွမ်းကုန်ကြိုးစားရင်း တော်လှန်ရေးအတွက် မြင့်မြတ်စွာ အသက်ပေးဆပ်သွားခဲ့သည့်အတွက် အာဇာနည်သူရဲကောင်းအဖြစ် မှတ်တမ်းတင်ကြောင်း KAက သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်များသည် ကရင်နီပြည်နယ်ကို အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသဖြင့် တော်လှန်ရေးတပ်များနှင့် ယနေ့အထိ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေခြင်းဖြစ်သည်။

#TachileikNewsAgency

Photo : Karenni Army BA-5