ကျောက်မဲမြို့ဝင် မုခ်ဦးအသစ်အနီးတွင်  မသင်္ကာဖွယ်အဝတ်ထုပ်ကို ဗုံးဟုထင်ကာ အာဏာသိမ်းစစ်တပ်က အလန့်တကြား ဖောက်ခွဲ ဖျက်ဆီး 

ကျောက်မဲမြို့ဝင် မုခ်ဦးအသစ်အနီးတွင်  မသင်္ကာဖွယ်အဝတ်ထုပ်ကို ဗုံးဟုထင်ကာ အာဏာသိမ်းစစ်တပ်က အလန့်တကြား ဖောက်ခွဲ ဖျက်ဆီး 
ဒီဇင်ဘာ 20, 2021 | ရှမ်းမြောက်

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့ရှိ မြို့ဝင်မုခ်ဦးအသစ်နားတွင် ယနေ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၂၀)ရက်နေ့ နေ့လယ် (၁)နာရီကျော်က မသင်္ကာဖွယ်အဝတ်ထုပ်ကို ဗုံးဟုထင်မှတ်ကာ   အာဏာသိမ်းစစ်တပ်က အလန့်တကြား  ဖေါက်ခွဲဖျက်ဆီးလိုက်သည်။

ယင်းနောက် အာဏာသိမ်းစစ်တပ်က မုခ်ဦးအနီးတွင် သေနတ် (၄) ချက်ပစ်ဖေါက်ကာ အနီးဝန်းကျင်လမ်းမှ လာသမျှကား၊ ဆိုင်ကယ်အားလုံးကို ပြန်လှည့်ခိုင်းကြောင်း သိရပြီး ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း သိရသည်။

အဆိုပါ မုခ်ဦးသစ်မှာ မြို့ခံလူထုက ဒီဇိုင်းမကြိုက်သဖြင့် ဝေဖန်နေသည့်ကြားမှ ကျောက်မဲမြို့နယ်စည်ပင်သာယာရေးဌာနက ကျပ်သန်း (၂၀)ကျော်ဖြင့် ပြီးခဲ့သည့်တစ်ပတ်ကမှ တည်ဆောက် ပြီးစီးထားခြင်းဖြစ်သည်။

ကျောက်မဲမြို့တွင် ပြည်ထောင်စုလမ်းမကြီးအား ချဲ့လိုက်ရာ ယခင်က ရှိပြီးမုခ်ဦးကို ဖယ်ရှားပြီး နေရာသစ်တွင် မုခ်ဦးသစ်ကို တည်ဆောက်ထားခြင်းဖြစ်သည်။