KNU နှင့် အာဏာသိမ်းစစ်တပ်တို့အကြား တိုက်ပွဲများကြောင့် ထိုင်းစစ်ယာဉ်များ မြန်မာနယ်စပ်သို့ ချီတက်လာ

Photo: Ye Min ( AAC  )
Photo: Ye Min ( AAC  )
KNU နှင့် အာဏာသိမ်းစစ်တပ်တို့အကြား တိုက်ပွဲများကြောင့် ထိုင်းစစ်ယာဉ်များ မြန်မာနယ်စပ်သို့ ချီတက်လာ
ဒီဇင်ဘာ 17, 2021 | နိုင်ငံတကာသတင်း

အာဏာသိမ်းစစ်တပ်၏ လက်နက်ကြီးကျည် ထိုင်းနိုင်ငံတွင်း ကျရောက်မှုကြောင့် သတိပေးချက်ထုတ်ပြီး လက်နက်ကြီးများ ပစ်ခတ်ရန် အဆင်သင့်ပြင်ထားပြီးနောက် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၁၇) ရက်နေ့တွင် ထိုင်းစစ်တပ်၏ ပစ်ခတ်ရေး စစ်ယာဉ်များ နယ်စပ်ဘက်သို့ ရောက်လာကြောင်း သိရသည်။

 

မြန်မာ - ထိုင်းနယ်စပ် ကရင်ပြည်နယ်ဘက်တွင် အာဏာသိမ်းတပ်က KNU နယ်မြေကို ဝင်ရောက်လာသဖြင့် တိုက်ပွဲများဖြစ်ပွားလာပြီး ယမန်နေ့က အာဏာသိမ်းတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် (၃)လုံး ထိုင်းနိုင်ငံ တပ်ခရိုင်ဘက်သို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံဘက်သို့ လက်နက်ကြီးကျည် ထပ်မံကျရောက်ပါက ပြန်လည်ပစ်ခတ်မည်ဟု ထိုင်းဘက်က ယမန်နေ့ကတည်းက သတိပေးထားခဲ့ပြီး လက်နက်ကြီးများ အသင့်ပြင်ထားခဲ့ကာ ယနေ့တွင်   ထိုင်းစစ်ယာဉ်တန်း ထိုင်းဘက်ခြမ်း နယ်စပ်ဘက်သို့ ရောက်လာခြင်းဖြစ်သည်။

 

ဆက်စပ်သတင်း