တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဘောလခဲမြို့နယ်၊ လွယ်ဝိန်းကျေးရွာကို စစ်ကောင်စီက လက်နက်ကြီးများပစ်ခတ်၍ အရပ်သားတစ်ဦးသေဆုံး

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဘောလခဲမြို့နယ်၊ လွယ်ဝိန်းကျေးရွာကို စစ်ကောင်စီက လက်နက်ကြီးများပစ်ခတ်၍ အရပ်သားတစ်ဦးသေဆုံး

ကရင်နီ(ကယား)ပြည်နယ် ဘောလခဲမြို့နယ် လွယ်ဝိန်းကျေးရွာကို နှစ်ရက်ဆက်တိုက် ဘောလခဲမြို့အခြေစိုက် စစ်ကောင်စီတပ်မှ ၂၀၂၃ ခုနှစ် ဇွန်လ(၈)ရက်နေ့နှင့် (၉)ရက်နေ့များတွင် နှစ်ရက်ဆက်တိုက် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ဒေသခံတစ်ဦး ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။



ဇွန်လ(၈)ရက်နေ့၊ ညနေပိုင်းတွင် ဘောလခဲမြို့အခြေစိုက် စစ်ကောင်စီတပ်များမှ လွယ်ဝိန်းကျေးရွာကို လက်နက်ကြီး (၁၂၂)မမ ဖြင့် (၄)ကြိမ် ပစ်ခတ်ခဲ့ရာ ကျေးရွာတွင်းရှိ လမ်းမကြီးပေါ်နှင့် ရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံအမျိုးသား တစ်ဦးအား ထိမှန်၍ ဦးခေါင်း၊ ခြေထောက်နှင့် ခန္ဓာကိုယ်များ အပိုင်းပိုင်း ပျက်ထွက်ကာ သေဆုံးခဲ့ရကြောင်း သိရသည်။



ဇွန်လ(၉)ရက်နေ့တွင်လည်း ဘောလခဲခြေစိုက် စစ်ကောင်စီတပ်မှ လွယ်ဝိန်းကျေးရွာဖက်သို့ လက်နက်ကြီး (၁၂၂)မမ များ (၈)ကြိမ်နီးပါး ထပ်မံပစ်ခတ်ခဲ့ပြီး ကျေးရွာအတွင်းနှင့် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းများအနီး ကျရောက်ကာ လူနေအိမ်(၁)လုံး ပျက်ဆီးခဲ့ကြောင်း သိရသည်။



စစ်ကောင်စီမှ လက်နက်ကြီးများ ပစ်ခတ်ခဲ့သော လွယ်ဝိန်းကျေးရွာမှာ တိုက်ပွဲများဖြစ်ပွားခြင်းမရှိဘဲ တိုက်ပွဲဖြစ်ပွားနေသည့် နေရာများနှင့်လည်း ဝေးကွာသည်ဟု သိရသည်။



#TachileikNewsAgency

Photo : Karenni Nationalities Defense Force-KNDF B-21