ထိုင်းနိုင်ငံတွင် အိုမီခရွန်ကူးစက်ခံရသူ (၈)ဦးရှိနေပြီး အဖြေသေချာရန် စစ်ဆေးဆဲ (၃)ဦးရှိနေ

ထိုင်းနိုင်ငံတွင် အိုမီခရွန်ကူးစက်ခံရသူ (၈)ဦးရှိနေပြီး အဖြေသေချာရန် စစ်ဆေးဆဲ (၃)ဦးရှိနေ

 ထိုင်းနိုင်ငံတွင် လက်ရှိအချိန်ထိ အိုမီခရွန် ပြည်တွင်းကူးစက်မှု မတွေ့ရသေးသော်လည်း ယနေ့အထိ ပြည်ပမှ အိုမီခရွန်ကူးစက်ခံထားရသူ စုစုပေါင်း (၈) ဦးရှိနေပြီး အဖြေသေချာစေရန် စစ်ဆေးနေဆဲ (၃) ဦးရှိနေကြောင်း သိရသည်။

ဘန်ကောက်တွင်လည်း Covid-19 မျိုးကွဲ ဒယ်လ်တာကူးစက်မှုနှုန်း လျော့ကျလာနေသည်ဟု ဆေးသုတေသနဌာန၏ တာဝန်ရှိသူက ဆိုသည်။

ထိုင်းနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၁) ရက်နေ့မှ ဒီဇင်ဘာလ (၁၁) ရက်နေ့အတွင်း တွေ့ရှိထားသည့် အိုမီခရွန်ကူးစက်ခံထားသူများမှာ စပိန်မှ လာသည့် အမေရိကန် (၁) ဦး၊ နိုင်ဂျီးရီးယားမှပြန်လာသည့် ထိုင်းအမျိုးသမီး (၂) ဦးနှင့် အမျိုးသား (၁)ဦး၊ တောင်ကိုရီးယားမှလာသည့် အမေရိကန်အမျိုးသား (၁) ဦး၊ UAE မှလာသည့် ဘယ်လာရုအမျိုးသား (၁)ဦး၊ ဗြိတိန်မှလာသည့် ဗြိတိန်အမျိုးသား (၁)ဦး၊ နွန်သာဘူရီမှ ထိုင်းအမျိုးသား (၁)ဦးတို့မှာ ကုသမှုခံယူနေကြသည်ဟု သတင်းထုတ်ပြန်ထားသည်။

အဖြေစောင့်ဆိုင်းနေဆဲ အမျိုးသား (၃) ဦးမှာ ကွန်ဂိုမှ ပြန်လာသည့် ထိုင်းအမျိုးသား (၁)ဦး၊ နိုင်ဂျီးရီးယားမှလာသည့် ကိုလံဘီယာအမျိုးသား (၁) ဦးနှင့် ဗြိတိန်မှလာသည့် ဗြိတိန်အမျိုးသား (၁) ဦးတို့ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံတွင် ဒီဇင်ဘာလ (၁၃) ရက်နေ့ နံနက်ပိုင်းအထိ ဓါတ်ခွဲအဖြေများအရ အတည်ပြုလူနာ (၃,၃၉၈)ဦးတိုးလာပြီး အများစုမှာ အချုပ်၊ ထောင်များမှ ဖြစ်ကြောင်း သိရသည်။

တစ်ကမ္ဘာလုံးအတိုင်းအတာအရ ယနေ့အထိ အတည်ပြုလူနာအရေအတွက် သန်းပေါင်း (၂၇၀)ကျော်အထိ တိုးလာပြီး ယင်းအနက် (၂၄၃)သန်းကျော် ပြန်လည်ကျန်းမာလာကာ လူဦးရေ (၅) သန်းကျော် သေဆုံးခဲ့ရပြီဖြစ်သည်။ 

source: The Nation