ရှမ်းပြည်နယ်တောင်ပိုင်းဒေသအတွင်း ဒေသကာကွယ်ရေးအဖွဲ့ (၅)ဖွဲ့ မဟာမိတ်အဖြစ် ပူးပေါင်း

ရှမ်းပြည်နယ်တောင်ပိုင်းဒေသအတွင်း ဒေသကာကွယ်ရေးအဖွဲ့ (၅)ဖွဲ့ မဟာမိတ်အဖြစ် ပူးပေါင်း
ဒီဇင်ဘာ 13, 2021 | ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်းဒေသအတွင်းမှ ဒေသကာကွယ်ရေးအဖွဲ့များအနက် အဖွဲ့ (၅)ဖွဲ့က မဟာမိတ်အဖြစ် ပူးပေါင်းလိုက်ပြီး စစ်အာဏာရှင်ကို အမြစ်ချေမှုန်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဖြင့် ချိတ်ဆက်ကာ ပူးပေါင်း တိုက်ထုတ်သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာလ(၁၁)ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာထားရှိသည်။

ရှမ်းပြည်နယ်တောင်ပိုင်းဒေသအတွင်းရှိ  တောင်ကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TPDF) ကလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊(KL PDF )၊ အေးသာယာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့( ATY PDF )၊ ရွှေညောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( SN PDF ) နှင့် ရွာငံမြို့ပြောက်ကျားတပ်ဖွဲ့(YUG) တို့မှ ပြည်သူလူထုဆန္ဒနှင့်အညီ ရှေ့ဆက်ပူးပေါင်း ဆောင်ရွက်ရန် ညီနောင်မဟာမိတ်တပ်ဖွဲ့များအဖြစ် ပူးပေါင်းလိုက်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်အသိပေးထားရှိသည်။