ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီက စစ်အာဏာရှင်စနစ်ကျဆုံးရေး နှင့် ဖယ်ဒရယ်စနစ်ပေါ်ပေါက်ရေးအတွက် ပူးပေါင်း ပါဝင်ဆောင်ရွက်သွားမည် 

ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီက စစ်အာဏာရှင်စနစ်ကျဆုံးရေး နှင့် ဖယ်ဒရယ်စနစ်ပေါ်ပေါက်ရေးအတွက် ပူးပေါင်း ပါဝင်ဆောင်ရွက်သွားမည် 

 ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီသည် ပအိုဝ်းလူမျိုးအပါအဝင် တိုင်းရင်းသားလူမျိုးပေါင်းစုံ လူထုလူတန်းစား အလွှာအသီးသီး အဖွဲ့အစည်း အသီးသီးမှ ပြည်သူတရပ်လုံးနှင့်အတူ စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်စနစ် အမျိုးမျိုးကို နည်းလမ်းပေါင်းစုံဖြင့် တော်လှန်သွားမည်ဖြစ်ပြီး  လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ၊ မြေနှင့်သဘာဝအရင်းအမြစ်များ ဖျက်ဆီးဆုံးရှုံးခံရမှုများကို ကာကွယ်စောင့်ရှောက်သွားမည့်အပြင် ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း   ထုတ်ပြန်ကြေညာလာသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့(PNLO) ဖွဲ့စည်းခြင်းနှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်မှုတော်လှန်ရေး၏ (၇၂)နှစ်မြောက် ပဒေသရာဇ်စနစ်ဆန့်ကျင်တော်လှန်ရေးနေ့ဖြစ်သည့် ဒီဇင်ဘာလ(၁၁)ရက်နေ့တွင် ထုတ်ပြန်ကြေညာလာခြင်းဖြစ်သည်။