ေက်ာက္မဲၿမိဳ႕နယ္အတြင္း ေဒသခံမ်ား အသံုးျပဳခြင့္ တားျမစ္ထားသည့္ လမ္းပိုင္းမွ တံတားႏွစ္စင္း ဖ်က္ဆီးခံရ

ေက်ာက္မဲၿမိဳ႕နယ္အတြင္း ေဒသခံမ်ား အသံုးျပဳခြင့္ တားျမစ္ထားသည့္ လမ္းပိုင္းမွ တံတားႏွစ္စင္း ဖ်က္ဆီးခံရ
ဧပြီ 25, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕နယ္အတြင္း ကြန္ေကာ္ေက်းရြာအနီးရွိ တံတားႏွစ္စင္းကို ဧၿပီလ (၂၄) ရက္ေန႔ နံနက္ပိုင္းက မီးရႈိ႕ဖ်က္ဆီးခံခဲ့ရၿပီး အဆိုပါ တံတားမ်ားရိွသည့္ လမ္းပိုင္းကို ေက်းရြာ (၄) ခုမွ ေဒသခံမ်ား အသံုးျပဳခြင့္ တားျမစ္ထားသည္မွာ ႏွစ္လ ဝန္းက်င္ရိွၿပီျဖစ္ေၾကာင္း ကြန္ေကာ္ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴးထံမွ သိရသည္။

“ကားတာယာေတြ ပံုၿပီးေတာ့ မီးရႈိ႕ထားတာေတြ႔ရတယ္။ အဲဒီလမ္းေၾကာင္းကေတာ့ ပိတ္ထားတာ တစ္လနဲ႔ (၂၇)ရက္ ရွိၿပီ။ RCSS နဲ႔ TNLA တပ္ဖြဲ႔ေတြ ႏွစ္ဖက္မွာ တပ္စြဲထားတယ္။ ပစ္ခတ္တာေတာ့မရွိဘူး။ ကၽြန္ေတာ္တို႔ တံတားေတြ ပ်က္စီးသြားတာ အရမ္းႏွေျမာပါတယ္”ဟု ကြန္ေကာ္ေက်းရြာမွ ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴး ဦးခိုင္ေဇာ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ဧၿပီလ(၂၅)ရက္ နံနက္ပိုင္းတြင္ ေျပာသည္။

ဖ်က္ဆီးခံရသည့္ ပန္က်ဳိင္းႀကိဳးတံတားမွာ အရွည္ေပ (၁၄၀) အျမင့္ (ေရျပင္အထက္) (၈) ေပႏွင့္ အက်ယ္ (၆) ေပခြဲရွိၿပီး မိုးေကာင္းတံတားမွာ သစ္သား တံတားတစ္စင္းျဖစ္ကာ အျမင့္ (၁၅) ေပ၊ အက်ယ္ (၁၂) ေပ ႏွင့္ အရွည္ (၁၄၅) ေပရွိေၾကာင္း သိရသည္။

အဆိုပါ တံတားမ်ားရိွသည့္ လမ္းပိုင္းတြင္ RCSS တပ္ဖြဲ႔၊ TNLA တပ္ဖြဲ႔မ်ားရိွေနၿပီး ေဒသခံမ်ား ျဖတ္သန္း သြားလာျခင္းကို လြန္ခဲ့သည့္ ႏွစ္လဝန္းက်င္ကတည္းက တားျမစ္ထားျခင္းျဖစ္ေၾကာင္း သိရသည္။

“သြားလာရတာကေတာ့ မိုင္းေၾကာက္ရတာနဲ႔ တပ္ဖြဲ႔ေတြႏွစ္ဖက္မွာ ရွိေနတာနဲ႔ဆိုေတာ့ ဘယ္သူမွွ မသြားရဲဘူး။ ဖုန္းနဲ႔ပဲ ဆက္သြယ္လို႔ရတယ္။ မိုင္းေင့ါဘက္က ပတ္ၿပီးသြားမယ္ဆိုရင္ေတာင္ အဲဒီနားက ျဖတ္သြားရမွာျဖစ္တဲ့ အတြက္ ဆိုင္ကယ္နဲ႔လည္း မသြားရဲၾကဘူး” ဟု ကြန္ေကာ္ေက်းရြာတြင္ တာဝန္က်ေနသည့္ ေက်ာက္မဲမွ အစိုးရဝန္ထမ္းတစ္ဦးက ေျပာသည္။

အနီးဝန္းက်င္ ေဒသခံမ်ား၏ ေျပာၾကားခ်က္အရ အဆိုပါ တံတားမ်ား ဝန္းက်င္တြင္ ပစ္ခတ္မႈျဖစ္ပြားျခင္း မရိွေၾကာင္း သိရၿပီး တံတားမ်ားကို မည္သည့္အဖြဲ႔က ဖ်က္ဆီးသည္ကို ဌာနဆိုင္ရာမ်ားကလည္း အတည္ မျပဳႏုိင္ေၾကာင္း သိရသည္။

တံတားမ်ားမွာ ေက်ာက္မဲဘက္မွ (၉ )မိုင္ဝန္းက်င္၊ ကြန္ေကာ္ေက်းရြာမွ (၅) မိုင္ဝန္းက်င္တြင္ရိွေနၿပီး ေက်းရြာ (၄) ခုႏွင့္ ေက်ာက္မဲၿမိဳ႕သို႔ တိုက္ရိုက္ဆက္သြယ္ထားသည့္ တစ္ခုတည္းေသာ လမ္းပိုင္း ျဖစ္ေၾကာင္း သိရသည္။

သတင္း - ေနၿဖိဳးျမင့္
ဓါတ္ပံု - Kyaw Thu Htike


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်အတွင်း ကွန်ကော်ကျေးရွာအနီးရှိ တံတားနှစ်စင်းကို ဧပြီလ (၂၄) ရက်နေ့ နံနက်ပိုင်းက မီးရှို့ဖျက်ဆီးခံခဲ့ရပြီး အဆိုပါ တံတားများရှိသည့် လမ်းပိုင်းကို ကျေးရွာ (၄) ခုမှ ဒေသခံများ အသုံးပြုခွင့် တားမြစ်ထားသည်မှာ နှစ်လ ဝန်းကျင်ရှိပြီဖြစ်ကြောင်း ကွန်ကော်ကျေးရွာ အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

“ကားတာယာတွေ ပုံပြီးတော့ မီးရှို့ထားတာတွေ့ရတယ်။ အဲဒီလမ်းကြောင်းကတော့ ပိတ်ထားတာ တစ်လနဲ့ (၂၇)ရက် ရှိပြီ။ RCSS နဲ့ TNLA တပ်ဖွဲ့တွေ နှစ်ဖက်မှာ တပ်စွဲထားတယ်။ ပစ်ခတ်တာတော့မရှိဘူး။ ကျွန်တော်တို့ တံတားတွေ ပျက်စီးသွားတာ အရမ်းနှမြောပါတယ်”ဟု ကွန်ကော်ကျေးရွာမှ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခိုင်ဇော်က တာချီလိတ်သတင်းအေဂျင်စီသို့ ဧပြီလ(၂၅)ရက် နံနက်ပိုင်းတွင် ပြောသည်။

ဖျက်ဆီးခံရသည့် ပန်ကျိုင်းကြိုးတံတားမှာ အရှည်ပေ (၁၄၀) အမြင့် (ရပြေင်အထက်) (၈) ပေနှင့် အကျယ် (၆) ပေခွဲရှိပြီး မိုးကောင်းတံတားမှာ သစ်သား တံတားတစ်စင်းဖြစ်ကာ အမြင့် (၁၅) ပေ၊ အကျယ် (၁၂) ပေ နှင့် အရှည် (၁၄၅) ပေရှိကြောင်း သိရသည်။

အဆိုပါ တံတားများရှိသည့် လမ်းပိုင်းတွင် RCSS တပ်ဖွဲ့၊ TNLA တပ်ဖွဲ့များရှိနပြေီး ဒေသခံများ ဖြတ်သန်း သွားလာခြင်းကို လွန်ခဲ့သည့် နှစ်လဝန်းကျင်ကတည်းက တားမြစ်ထားခြင်းဖြစ်ကြောင်း သိရသည်။

“သွားလာရတာကတော့ မိုင်းကြောက်ရတာနဲ့ တပ်ဖွဲ့တွေနှစ်ဖက်မှာ ရှိနေတာနဲ့ဆိုတော့ ဘယ်သူမှ မသွားရဲဘူး။ ဖုန်းနဲ့ပဲ ဆက်သွယ်လို့ရတယ်။ မိုင်းငေါ့ဘက်က ပတ်ပြီးသွားမယ်ဆိုရင်တောင် အဲဒီနားက ဖြတ်သွားရမှာဖြစ်တဲ့ အတွက် ဆိုင်ကယ်နဲ့လည်း မသွားရဲကြဘူး” ဟု ကွန်ကော်ကျေးရွာတွင် တာဝန်ကျနေသည့် ကျောက်မဲမှ အစိုးရဝန်ထမ်းတစ်ဦးက ပြောသည်။

အနီးဝန်းကျင် ဒေသခံများ၏ ပြောကြားချက်အရ အဆိုပါ တံတားများ ဝန်းကျင်တွင် ပစ်ခတ်မှုဖြစ်ပွားခြင်း မရှိကြောင်း သိရပြီး တံတားများကို မည်သည့်အဖွဲ့က ဖျက်ဆီးသည်ကို ဌာနဆိုင်ရာများကလည်း အတည် မပြုနိုင်ကြောင်း သိရသည်။

တံတားများမှာ ကျောက်မဲဘက်မှ (၉ )မိုင်ဝန်းကျင်၊ ကွန်ကော်ကျေးရွာမှ (၅) မိုင်ဝန်းကျင်တွင်ရှိနပြေီး ကျေးရွာ (၄) ခုနှင့် ကျောက်မဲမြို့သို့ တိုက်ရိုက်ဆက်သွယ်ထားသည့် တစ်ခုတည်းသော လမ်းပိုင်း ဖြစ်ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~