ဆောမြို့ မြင်းကာတောင်ခြေတွင် စစ်ကောင်စီတပ်နှင့် PDF ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်

ဆောမြို့ မြင်းကာတောင်ခြေတွင် စစ်ကောင်စီတပ်နှင့် PDF ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်

မကွေးတိုင်း ဆောမြို့နယ်ရှိ ဒေသအခေါ်  မြင်းကာတောင်ခြေသို့ ရောက်ရှိနေသည့် စစ်ကောင်စီတပ်ကို PDF မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက ၂၀၂၃ခုနှစ် ဇူလိုင်လ (၂၆)ရက်နေ့ နေ့လည်ပိုင်းမှ ညနေပိုင်းအထိ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးသူ ရှိခဲ့ပြီး PDF မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များဘက်က အထိခိုက်မရှိ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ဂန့်ဂေါခရိုင် အမှတ်(၃၊ ၅၊ ၈၊ ၁၃)တပ်ရင်း၊ CDF မင်းတပ်၊ CDF ကန်ပက်လက်၊ ဆော PDF(YRPA)၊ YDF Sawတို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ (၂၂)ရက်နေ့ ညနေပိုင်းတွင်လည်း ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ ဒေသအခေါ် ရန်အောင်စေတီကုန်းအနီးတွင် ကင်းယူထားသည့် အဆိုပါ စစ်ကောင်စီတပ် ကင်းစခန်းကို CDFကန်ပက်လက်၊ CDF မင်းတပ်၊ ဂန့်ဂေါခရိုင်အမှတ် (၁၃)တပ်ရင်း ပူးပေါင်းတပ်ဖွဲ့များမှ အလစ်ငိုက်ဝင်ရောက် ပစ်ခတ်တိုက်ခဲ့သေးဟုလည်း သိရသည်။

#TachileikNewsAgency