အာဏာသိမ်းပြီးနောက် ယနေ့အထိ စစ်ကောင်စီတပ်က အရပ်သား ၄၀၀၀ ကျော်ကို သတ်ဖြတ်ထား

အာဏာသိမ်းပြီးနောက် ယနေ့အထိ စစ်ကောင်စီတပ်က အရပ်သား ၄၀၀၀ ကျော်ကို သတ်ဖြတ်ထား
နိုဝင်ဘာ 23, 2023 | 2021 Military Coup| အခြားဒေသများ

အရပ်သားအစိုးရကိုဖြုတ်ချကာ စစ်တပ်အာဏာသိမ်းသည့်နေ့မှ ၃ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီတပ်က အရပ်သား(၄၀၀၀) ကျော်ကိုသတ်ဖြတ်ထားကာ (၅၀၀)ကျော်မှာ စာရင်းသီးခြားပြုစုနေဆဲဖြစ်ကြောင်း နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်းထံမှ သိရသည်။

စစ်ကောင်စီတပ် အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့မှ ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၂၃)ရက်နေ့အထိ

နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူ စုစုပေါင်း (၄၁၉၈)ဦးကို သတ်ဖြတ် ထားခြင်းဖြစ်သည်။

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၅,၄၄၆)ဦးရှိပြီး ထိုအထဲမှ (၁၉,၇၁၇)ဦးမှာ ထိန်း သိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၈၁၅၅)ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်ဟု သိရသည်။

ယနေ့ နိုဝင်ဘာလ(၂၃)ရက်နေ့အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၂၀)ဦးရှိပြီဖြစ်ပြီး မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၃)ဦး အပါအဝင် (၁၁၉)ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ 

ထို့ကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၆၃)ဦးရှိပြီး ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူဦးရေမှာ (၅၇၂၉)ဦး ရှိသည်ဟု သိရသည်။

#TachileikNewsAgency