ဂုတ္တြင္းတံတားရိွ ယာယီေဘလီတံတားတြင္ ကုန္ႏွင့္ယာဥ္ ၄၈ တန္အထိ စတင္ျဖတ္သန္းခြင့္ျပဳ

ဂုတ္တြင္းတံတားရိွ ယာယီေဘလီတံတားတြင္ ကုန္ႏွင့္ယာဥ္ ၄၈ တန္အထိ စတင္ျဖတ္သန္းခြင့္ျပဳ
စက်တင်ဘာ 8, 2019
By 🌸
ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) ျပည္ေထာင္စုလမ္းမႀကီးေပၚရိွ မိုင္းခြဲခံထားရသည့္ ဂုတ္တြင္းတံတားေနရာတြင္ တည္ေဆာက္ထားသည့္ ယာယီေဘလီတံတားတြင္ ကုန္ႏွင့္ယာဥ္အေလးခ်ိန္ (၄၈)တန္အထိကို ၂၀၁၉ ခုနွစ္၊ စက္တင္ဘာလ (၈) ရက္ေန႔ နံနက္မွစ၍ ျဖတ္သန္းခြင့္ျပဳေနၿပီျဖစ္သည္။

ဂုတ္တြင္းတံတားေနရာရိွ ယာယီေဘလီတံတားကို ၾသဂုတ္လ (၂၀)ရက္ေန႔က ျဖတ္သန္းခြင့္ျပဳခဲ့ရာတြင္ ယာဥ္ႏွင့္ကုန္ အေလးခ်ိန္ (၃၆)တန္အထိသာ ျဖတ္သန္းခြင့္ျပဳႏို္င္ခဲ့ျခင္းျဖစ္ၿပီး တံတားႀကံ႕ခိုင္ေရး ထပ္မံ ေဆာင္ရြက္ၿပီးေနာက္ (၄၈)တန္အထိ ျဖတ္သန္းခြင့္ျပဳလုိက္ျခင္းျဖစ္သည္။

တံတားျဖတ္သန္းခြင့္ျပဳရန္အတြက္ ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီး ဦးေက်ာ္လင္းသည္ အၿမဲတမ္းအတြင္းဝန္ႏွင့္ လမ္းဦးစီးဌာန၊ တံတားဦးစီးဌာနတို႔မွ တာဝန္ရွိ အင္ဂ်င္နီယာမ်ားႏွင့္အတူ လုပ္ငန္းစစ္ေဆးျခင္းအား ေဆာင္ရြက္ခဲ့ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) မႏၲေလး-ေနာင္ခ်ိဳ-လား႐ႈိး-မူဆယ္ ျပည္ေထာင္စုလမ္းမႀကီးေပၚ ေနာင္ခ်ိဳၿမိဳ႕အနီး ဂုတ္တြင္းတံတားမွာ တိုင္းရင္းသားလက္နက္ကိုင္မဟာမိတ္ (၃)ဖြဲ႕၏ မိုင္းခြဲတုိက္ခုိက္မႈေၾကာင့္ ပ်က္စီးသြားခဲ့သျဖင့္ ယာယီေဘလီတံတား တည္ေဆာက္ထားျခင္းျဖစ္ၿပီး တံတားေဟာင္းအနီးတြင္ သံကူကြန္ကရစ္တံတားသစ္ကိုလည္း ေဆာက္လုပ္ေရးဝန္ႀကီးဌာနက ထပ္မံတည္ေဆာက္သြားမည္ ျဖစ္ေၾကာင္း သိရသည္။

ျပည္ေထာင္စုလမ္းမႀကီးတေလွ်ာက္ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၁၅)ရက္ေန႔မွစ၍ ပစ္ခတ္တုိက္ခုိက္မႈမ်ား အတြင္း ဂုတ္တြင္းတံတားအပါအဝင္ တံတား (၄)စင္း မိုင္းခြဲဖ်က္ဆီးခံရ၍ လမ္းပန္းဆက္သြယ္ေရး ျပတ္ေတာက္သြားခဲ့ရျခင္းျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - ေဆာက္လုပ္ေရးဝန္ႀကီးဌာန

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ဂုတ်တွင်းတံတားရှိ ယာယီဘေလီတံတားတွင် ကုန်နှင့်ယာဉ် ၄၈ တန်အထိ စတင်ဖြတ်သန်းခွင့်ပြု
*********
ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ မိုင်းခွဲခံထားရသည့် ဂုတ်တွင်းတံတားနေရာတွင် တည်ဆောက်ထားသည့် ယာယီဘေလီတံတားတွင် ကုန်နှင့်ယာဉ်အလေးချိန် (၄၈)တန်အထိကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၈) ရက်နေ့ နံနက်မှစ၍ ဖြတ်သန်းခွင့်ပြုနေပြီဖြစ်သည်။

ဂုတ်တွင်းတံတားနေရာရှိ ယာယီဘေလီတံတားကို သြဂုတ်လ (၂၀)ရက်နေ့က ဖြတ်သန်းခွင့်ပြုခဲ့ရာတွင် ယာဉ်နှင့်ကုန် အလေးချိန် (၃၆)တန်အထိသာ ဖြတ်သန်းခွင့်ပြုနိုင်ခဲ့ခြင်းဖြစ်ပြီး တံတားကြံ့ခိုင်ရေး ထပ်မံ ဆောင်ရွက်ပြီးနောက် (၄၈)တန်အထိ ဖြတ်သန်းခွင့်ပြုလိုက်ခြင်းဖြစ်သည်။

တံတားဖြတ်သန်းခွင့်ပြုရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်းသည် အမြဲတမ်းအတွင်းဝန်နှင့် လမ်းဦးစီးဌာန၊ တံတားဦးစီးဌာနတို့မှ တာဝန်ရှိ အင်ဂျင်နီယာများနှင့်အတူ လုပ်ငန်းစစ်ဆေးခြင်းအား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) မန္တလေး-နောင်ချို-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ် နောင်ချိုမြို့အနီး ဂုတ်တွင်းတံတားမှာ တိုင်းရင်းသားလက်နက်ကိုင်မဟာမိတ် (၃)ဖွဲ့၏ မိုင်းခွဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားခဲ့သဖြင့် ယာယီဘေလီတံတား တည်ဆောက်ထားခြင်းဖြစ်ပြီး တံတားဟောင်းအနီးတွင် သံကူကွန်ကရစ်တံတားသစ်ကိုလည်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ထပ်မံတည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုလမ်းမကြီးတလျှောက် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၅)ရက်နေ့မှစ၍ ပစ်ခတ်တိုက်ခိုက်မှုများ အတွင်း ဂုတ်တွင်းတံတားအပါအဝင် တံတား (၄)စင်း မိုင်းခွဲဖျက်ဆီးခံရ၍ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားခဲ့ရခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - ဆောက်လုပ်ရေးဝန်ကြီးဌာန

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net