ဒီးမော့ဆိုမြို့နယ်အတွင်း အရှေ့ဘက်ခြမ်းကျေးရွာများအား စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ နေအိမ်များ ထိခိုက် ပျက်စီး

ဒီးမော့ဆိုမြို့နယ်အတွင်း အရှေ့ဘက်ခြမ်းကျေးရွာများအား စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ နေအိမ်များ ထိခိုက် ပျက်စီး
ဧပြီ 4, 2022 | ကယား

ကရင်နီ(ကယား)ပြည်၊ ဒီးမော့ဆိုမြို့နယ်၊ အရှေ့ဘက်ခြမ်းကျေးရွာများအား အာဏာသိမ်းစစ် ကောင်စီတပ်မှ ယနေ့ ဧပြီလ(၄)ရက်နေ့ နံနက်ပိုင်းက လက်နက်ကြီးများဖြင့် တိုက်ခိုက်သဖြင့် ဒေသခံနေအိမ်များ ပျက်စီးခဲ့ကြောင်း KNDF က ထုတ်ပြန်သည်။

ဒီးမော့ဆိုမြို့နယ်၊ ထီးပိုးကလ်ိုး ကျေးရွာအုပ်စု၊ ထီးသဲကလိုးနှင့်  ဒေါ်လျားခူကျေးရွာများသို့ အာဏာသိမ်းစစ် ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် နေအိမ်းများပျက်စီးခဲ့ပြီး အိမ်မွေးတိရိစ္ဆာန်တချို့ ထိခိုက် သေဆုံးခဲ့ကြောင်း သိရသည်။ 

ဒီးမော့ဆိုမြို့နယ်၊ ထူလွီးဘီလာနှင့်နှင့် ဖရူဆိုမြို့နယ်၊ ကဒါးလာ ကျေးရွာအနီးတို့တွင်လည်း ယနေ့တွင် အာဏာသိမ်းစစ် ကောင်စီတပ်မှ တပ်အင်အားဖြည့်တင်း‌နေသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် တိုက်ပွဲများ ဖြစ်နေကြောင်း သိရသည်။

လွိုင်ကော်မြို့၊  ဒေါဥခူရပ်ကွက်(၁၁)တွင်လည်း အာဏာသိမ်းစစ်ကောင်စီတပ်မှ  ထောင်ထားခဲ့ သော  မြေမြုပ်မိုင်း ပေါက်ခွဲပြီး က လေးနှစ်ဦး ထိခိုက်ဒဏ်ရရခဲ့ကာ က လေးတစ်ဦးမှာ ဒဏ်ရာပြင်းထန် သော်လည်း အသက်အန္တာရယ် မစိုးရိမ်ရ ကြောင်း သိရပါသည်။