ဒီးမော့ဆိုမြို့နယ်အတွင်း ယမန်နေ့က ဖြစ်ပွားသည့် တိုက်ပွဲ (၂)ကြိမ်အတွင်း စစ်ကောင်စီတပ်သား (၄)ဦး သေဆုံး

Photo: DMO-PDF
Photo: DMO-PDF
ဒီးမော့ဆိုမြို့နယ်အတွင်း ယမန်နေ့က ဖြစ်ပွားသည့် တိုက်ပွဲ (၂)ကြိမ်အတွင်း စစ်ကောင်စီတပ်သား (၄)ဦး သေဆုံး
မေ 10, 2022 | ကယား

ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်း မြို့မ ရပ်ကွက်တွင် စစ်ကြောင်းထိုးလာသည့် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် မေလ(၉) ရက်နေ့က တိုက်ပွဲ(၂)ကြိမ်ဖြစ်ပြီး စစ်ကောင်စီတပ်သား(၄)ဦးသေကြောင်း ဒီးမော့ဆို PDF က ယနေ့ မေလ(၁၀)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

၎င်းစစ်ကောင်စီတပ်ကို ဒီးမော့ဆို PDF ၏ ဗျူဟာ (၃)မှ C၊ D၊ E တပ်ရင်းတပ်ခွဲအချိုနှင့် အလယ်ပိုင်းတိုင်း ၁၁၀၂ တပ်ခွဲအချို့တို့ပူးပေါင်းကာ ယမန်နေ့ နံနက်(၉)နာရီအချိန်တွင် ပထမအကြိမ်တိုက်ပွဲဖြစ်ပွားခဲ့ပြီး  နေ့လည်(၁)နာရီတွင်လည်း စည်ပင်မြို့မစျေးအနီးတွင် မိနစ်(၃၀)အကြာ ဒုတိယအကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဒုတိယအကြိမ်ဖြစ်ပွားခဲ့သော  ပြောက်ကြားတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့မှ (၄)ဦးကို ရှင်းလင်းနိုင်ခဲ့ပြီး (၃)ထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

 DMO-PDF

အဆိုပါ တိုက်ပွဲ(၂)ကြိမ်ဖြစ်ပွားမှုအပြီး စစ်ကောင်စီတပ်ဖွဲ့သည် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူပိုင် နေအိမ် အချို့ထိမှန်ပျက်စီးခဲ့ရကြောင်း သိရသည်။