လားရှိုးမြို့နေ ပြည်သူများထံ လျှပ်စစ်ဓါတ်အားခ အပါအဝင် အခွန်ငွေများ အတင်းအကြပ် မကောက်ခံရန် လားရှိုးဒေသကာကွယ်ရေးအဖွဲ့များ သတိပေး

လားရှိုးမြို့နေ ပြည်သူများထံ လျှပ်စစ်ဓါတ်အားခ အပါအဝင် အခွန်ငွေများ အတင်းအကြပ် မကောက်ခံရန် လားရှိုးဒေသကာကွယ်ရေးအဖွဲ့များ သတိပေး
နိုဝင်ဘာ 16, 2021 | ရှမ်းမြောက်

 ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် မီတာခ အတင်းအကြပ်ကောက်ခံနေပြီး မီတာခ မပေးဆောင်ပါက လျှပ်စစ်ဓါတ်အား ဖြတ်တောက်နေခြင်းများအား သက်ဆိုင်ရာ ကုမ္ပဏီအနေဖြင့် ဆက်လက်လုပ်ဆောင်ခြင်းမပြုရန် ဒေသကာကွယ်ရေးအဖွဲ့များက ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်နေ့က သတိပေးထားသည်။

လားရှိုးမြို့မှ City Trooper၊ Urban Guerilla နှင့် Lashio Civil Defence Force (LCDF) တို့က နောက်ဆုံးအကြိမ် သတိပေးခြင်းဟု ထုတ်ပြန်ချက်တွင် ဖေါ်ပြထားပြီး ပြည်သူများအနေဖြင့် အာဏာသိမ်းအဖွဲ့လက်အောက်ခံရုံးများသို့ မသွားရန်နှင့် CCTV များ ဖြုတ်သိမ်းကြရန်ကိုလည်း မေတ္တာရပ်ခံထားသည်ကို တွေ့ရသည်။

စစ်အာဏာသိမ်းမှုကို တော်လှန်နေစဉ်အတွင်း အာဏာသိမ်းအဖွဲ့အတွက် အထောက်အပံ့မဖြစ်စေရန် အခွန်အခများ ဖြတ်တောက်နိုင်ရေးကို တော်လှန်ရေးအင်အားစုများက ကြိုးပမ်းနေကြခြင်းဖြစ်သည်။