ရေဦးမြို့နယ်အတွင်း အာဏာသိမ်းတပ်က ဒေသကာကွယ်ရေးအဖွဲ့များကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ပြီး ကျေးရွာတွင်း နေအိမ်မီးရှို့

ရေဦးမြို့နယ်အတွင်း အာဏာသိမ်းတပ်က ဒေသကာကွယ်ရေးအဖွဲ့များကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ပြီး ကျေးရွာတွင်း နေအိမ်မီးရှို့
နိုဝင်ဘာ 14, 2021 | အခြားဒေသများ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်အတွင်း ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၁၄) ရက်နေ့က ညောင်လည်ရွာအနီးတွင် အာဏာသိမ်းတပ်က လက်နက်ကြီးဖြင့် စတင်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရေဦး ပကဖ၊ ဒီပဲယင်း PDF နှင့် MDF ဒီပဲယင်း၊ ဝေဟင်သိန်းငှက်အဖွဲ့တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အာဏာသိမ်းတပ်ဘက်တွင် သေဆုံးသူရှိကြောင်း သိရသည်။



မိုင်းဆွဲတိုက်ခိုက်မှုအတွင်း အာဏာသိမ်းတပ်ဘက်မှ (၂၀)ဦးသေသည်ဟု Area 21 က ထုတ်ပြန်ထားသည်ကို တွေ့ရပြီး သတင်းဌာနအနေဖြင့် အဆိုပါအရေအတွက်ကို သီးသန့်အတည်ပြုထားနိုင်ခြင်း မရှိပါ။

ယင်းတိုက်ခိုက်မှုအပြီးတွင် အာဏာသိမ်းတပ်က ချောင်းနားရွာကိုဝင်၍ မီးရှို့ခြင်းများလုပ်သည်ဟု သိရပြီး အများပြည်သူအနေဖြင့် အာဏာသိမ်းတပ်၏အနီးဝန်းကျင်တွင် နေထိုင်၊ သွားလာခြင်းမပြုကြရန် Area 21 အဖွဲ့က သတိပေးထားသည်။