ရန်ကုန်တိုင်းစစ်ဒေသခွဲအတွက် ပထမဆုံး PDF တပ်ရင်း စတင်ဖွဲ့စည်း

 ရန်ကုန်တိုင်းစစ်ဒေသခွဲအတွက် ပထမဆုံး PDF တပ်ရင်း စတင်ဖွဲ့စည်း

 စစ်အာဏာရှင်တော်လှန်ရေးကာလ (၂)နှစ်ကျော်လာသည့်  ၂၀၂၃ခုနှစ် ဇွန်လ( ၁ )ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၏ ရန်ကုန်တိုင်းစစ်ဒေသခွဲအတွက် ပထမဆုံး တပ်ရင်းဖြစ်သည့် တပ်ရင်း (၅၁၀၁)ကို စတင် ဖွဲ့စည်းလိုက်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ဇွန်လ(၁)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

နယ်မြေအခြေအနေအရ သာမက လုံခြုံရေးအရ ယခင်က မြို့ပြပြောက်ကျား လှုပ်ရှားမှုများဖြင့်သာ စစ်ကောင်စီ၏ ထောက်တိုင်များကို တိုက်ခိုက်ခဲ့ရာမှ ရန်ကုန်တိုင်းအတွင်းရှိ တပ်ရင်း၊ တပ်ဖွဲ့များကို စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်းများနှင့်အညီ စနစ်တ ကျစုဖွဲ့သွားမည်ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီကို စစ်နည်းဗျူဟာကျကျ ပိုမိုထိရောက်စွာ တိုက်ခိုက်ချေမှုန်းနိုင်ရန် တပ်ရင်း ၅၁၀၁ ကို တိုက်ရည်ခိုက်ရည်ကောင်းမွန်ပြီး အမိန့်နာခံမှုအားကောင်းသော စစ်သည်တော်ကောင်းများဖြင့် ဖွဲ့ စည်းကြောင်း ထုတ်ပြန်လာခြင်းဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီးဌာနသည် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)ကို ၂၀၂၁ ခုနှစ်၊ မေလ(၅)ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းအတွက် ပထမဆုံး တပ်ရင်းကို တော်လှန်ရေးကာလ (၂)ကျော်အကြာဖြစ်သည့် ၂၀၂၃ခုနှစ် ဇွန်လ(၁)ရက်နေ့တွင် ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။