အာဏာသိမ်းစစ်တပ်ကို အကြမ်းဖက်အဖြစ် စွပ်စွဲခြင်းအား ကန့်ကွက်ကြောင်း အာဏာသိမ်းအဖွဲ့က PPST ထံ သတိပေးစာပို့

အာဏာသိမ်းစစ်တပ်ကို အကြမ်းဖက်အဖြစ် စွပ်စွဲခြင်းအား ကန့်ကွက်ကြောင်း အာဏာသိမ်းအဖွဲ့က PPST ထံ သတိပေးစာပို့
နိုဝင်ဘာ 10, 2021 | နိုင်ငံရေး

NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) က ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၅) ရက်နေ့တွင် ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်၌ အာဏာသိမ်း စစ်တပ်ကို အကြမ်းဖက်ဟု စွပ်စွဲရာရောက်နေသည်ဟုဆိုကာ အာဏာသိမ်းအဖွဲ့၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးအဖွဲ့မှ  ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်က လက်မှတ်ရေးထိုးထားသည့် ကန့်ကွက်သတိပေးစာကို နိုဝင်ဘာလ (၉) ရက်နေ့ နေ့စွဲဖြင့် PPST ထံ ပေးပို့ထားကြောင်း သိရသည်။



#TachileikNewsAgency