တာချီလိတ်မြို့တွင်းပိုင်း နိုဝင်ဘာလ(၉)ရက်နေ့တွင် လျှပ်စစ်မီး တစ်နေကုန် ပြတ်တောက်မည်

တာချီလိတ်မြို့တွင်းပိုင်း နိုဝင်ဘာလ(၉)ရက်နေ့တွင် လျှပ်စစ်မီး တစ်နေကုန် ပြတ်တောက်မည်
နိုဝင်ဘာ 6, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နှင့်မယ်ဆိုင်အကြား လျှပ်စစ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများရှိသည့် အတွက် နိုဝင်ဘာလ(၉)ရက်နေ့ တစ်နေ့ကုန် မြို့တွင်းပိုင်းတွင် လျှပ်စစ်မီး ပြတ်တောက်မည်ဖြစ်ကြောင်း မြို့မီးလင်းရေးရုံးက ကြိုတင် အသိပေးထားသည်ကို တွေ့ရသည်။

၂၀၂၁ခုနှစ် နိုဝင်ဘာလ(၉)ရက်နေ့တွင် နံနက်(၉)နာရီခွဲမှ ညနေ(၃)နာရီခွဲအချိန်အထိ တာချီလိတ်မြို့တွင်းပိုင်းများဖြစ်သည့် ပုန်းထွန်ရပ်ကွက်၊ တာလော့ရပ်ကွက်၊ ဝမ်ကောင်းရပ်ကွက်၊ မကာဟိုခမ်းရပ်ကွက်၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ ဆန်ဆိုင်း(ခ)ရပ်ကွက် နှင့် ပုံလို့လမ်းတလျှောက် အပြင် လွယ်တော်ခမ်းကျေးရွာအုပ်စု(စုပေါင်းဂိတ်အထိ)တို့တွင် လျှပ်စစ်ဓါတ်အား ပြတ်တောက်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ နေ့တွင် တာချီလိတ်မြို့သို့ လျှပ်စစ်ဓါတ်အားပေးပို့နေသည့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင်းရှိ 22KV ပါဝါလိုင်းအား မြေအောက်ကြိုးစနစ်သို့ ပြောင်းလဲမည်ဖြစ်သည့်အတွက် လျှပ်စစ်စီး ခေတ္တဖြတ်တောက်ထားမည် ဖြစ်သည်။

တာချီလိတ်မြို့ပေါ် (၁၁)ရပ်ကွက် နှင့် ကျေးရွာအုပ်စု(၆)စုတို့တွင် ထိုင်းနိုင်ငံမှ လျှပ်စစ်မီးကို ရယူသုံးစွဲနေရခြင်း ဖြစ်သည်။