တာချီလိတ်တွင် စောင့်ကြည့်ထားသည့် (၈၁)ဦးထဲက (၁)ဦးကို စောင့်ကြည့် သံသယလူနာအဖြစ် သတ်မှတ်

တာချီလိတ်တွင် စောင့်ကြည့်ထားသည့် (၈၁)ဦးထဲက (၁)ဦးကို စောင့်ကြည့် သံသယလူနာအဖြစ် သတ်မှတ်
မတ် 24, 2020
By Tachileik News Agency
တာချီလိတ်တွင် စောင့်ကြည့်ထားသည့် (၈၁)ဦးထဲက (၁)ဦးကို စောင့်ကြည့်သံသယလူနာအဖြစ် သတ်မှတ် 

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံမှ ပြန်လွှဲပေးလာသည့် ပြစ်ဒဏ်စေ့အကျဉ်းသား မြန်မာနိုင်ငံသား(၉၂)ဦးထဲက  (၁၄)ရက် သီးခြားစောင့်ကြည့်ခံထားရသည့် မြန်မာနိုင်ငံသား (၈၁)ဦးတွင် အမျိုးသား(၁)ဦးမှာ ကိုယ်အပူချိန်မြင့်နေသဖြင့် စောင့်ကြည့်လူနာအဖြစ်သတ်မှတ်ကာ တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံ သီးခြားကုသခန်းသို့ ပြောင်းရွှေ့ထားရှိသည်။

ထိုင်းနိုင်ငံမှ ၂၀၂၀ ခုနှစ်၊ မတ်လ (၂၃)ရက်နေ့က ထိုင်းဘက်က လွှဲပြောင်းပေးလာသည့် မြန်မာနိုင်ငံသား (၉၂)ဦးအနက် (၁၁)ဦးမှာ ဖျားနေသဖြင့် COVID-19 စောင့်ကြည့်လူနာအဖြစ် ခရိုင်ပြည်သူ့ဆေးရုံ၏ သီးခြားကုသခန်းတွင် ထားရှိကာ ကျန် (၈၁)ဦးကို (၁၄)ရက် သီးခြားစောင့်ကြည့်မှုအောက်တွင် ထားရှိပြီး  ကျန်းမာရေးဝန်ထမ်းများက နေ့စဉ် ကိုယ်အပူချိန်တိုင်းတာစစ်ဆေးနေခြင်းဖြစ်သည်။

ကျန်းမာရေးဝန်ထမ်းများက မတ်လ (၂၄)ရက်နေ့ ကိုယ်အပူချိန် တိုင်းတာစစ်ဆေးမှုအတွင်း ကိုယ်အပူချိန် (၃၈) ဒီဂရီစင်တီဂရိတ်ထက်ကျော်နေသည့် အမျိုးသား(၁)ဦးကို တွေ့ရသဖြင့် စောင့်ကြည့်လူနာအဖြစ် ဆေးရုံသို့ ခေါ်ဆောင်ထားခြင်းဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ် (COVID 19) ရောဂါဖြစ်ပွားသည့် နိုင်ငံများမှ ပြန်လာသူများတွင်  ရောဂါလက္ခဏာများ မတွေ့ရသော်လည်(၁၄)ရက် သီးခြားခွဲ၍ ရောဂါကူးစက်ခံရခြင်းရှိ၊ မရှိကို စောင့်ကြည့်သည့်စနစ်ကို ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် အသုံးပြုနေကြခြင်းဖြစ်ပြီး ယင်းကဲ့သို့ သီးခြားစောင့်ကြည့်ခံရသူများအား ထားရှိရန် ဟိုတယ်များ၊ သင်တန်းကျောင်းများ၊ ရိပ်သာများကို ကျန်းမာရေးဦးစီးဌာနများအနေဖြင့် အသုံးပြုနိုင်ရန် ပြည်သူများက ပူးပေါင်းကူညီခြင်းများကိုလည်း လုပ်ဆောင်နေကြခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~