နိုင်ငံပေါင်း ၉ နိုင်ငံမှ ခရီးသွား ၃၇ ဦးပါဝင်သည့် ဆိုင်ကယ်နှင့်မော်တော်ယာဉ်အဖွဲ့ တာချီလိတ်မှ တဆင့် ထိုင်းနိုင်ငံသို့ ထွက်ခွာ

နိုင်ငံပေါင်း ၉ နိုင်ငံမှ ခရီးသွား ၃၇ ဦးပါဝင်သည့် ဆိုင်ကယ်နှင့်မော်တော်ယာဉ်အဖွဲ့ တာချီလိတ်မှ တဆင့် ထိုင်းနိုင်ငံသို့ ထွက်ခွာ
ဒီဇင်ဘာ 21, 2019
By Tachileik News Agency
 
နိုင်ငံပေါင်း ၉ နိုင်ငံမှ ခရီးသွား ၃၇ ဦးပါဝင်သည့် ဆိုင်ကယ်နှင့်မော်တော်ယာဉ်အဖွဲ့ 
တာချီလိတ်မှ တဆင့် ထိုင်းနိုင်ငံသို့ ထွက်ခွာ

ဆွစ်ဇာလန်၊ ဒတ်ချ်၊ ပြင်သစ်၊ အိုင်ယာလန်၊ ပိုလန်၊ဂျာမနီနှင့် သြစတေးလျနိုင်ငံသား (၉) ဦးပါဝင်သော မော်တော်ဆိုင်ကယ်စီးအဖွဲ့၊ စင်္ကာပူ နှင့် မလေးရှား နိုင်ငံသား (၂၈) ဦးပါ မော်တော်ယာဉ်အဖွဲ့တို့သည် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ (၂၁) ရက်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်းချစ်ကြည်ရေးအမှတ်(၁)တံတား မှ တဆင့် ထိုင်းနိုင်ငံဘက်သို့ ထွက်ခွာသွားသည်။

ဆွစ်ဇာလန် (၂)ဦး၊ ဒတ်ချ်(၁)ဦး၊ ပြင်သစ်(၂)ဦး၊ အိုင်ယာလန်(၁)ဦး၊ ပိုလန်(၁)ဦး၊ ဂျာမဏီ(၁)ဦးနှင့် သြစတေးလျ(၁)ဦးပါဝင်အဖွဲ့သည် မော်တော်ယာဉ် (၁) စီးနှင့် မော်တော်ဆိုင်ကယ် (၆) စီးပါအဖွဲ့သည် ဒီဇင်ဘာလ (၁၅) ရက်နေ့တွင် အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့မှတစ်ဆင့် မော်တော်ယာဉ်(၁) စီး၊ မော်တော်ဆိုင်ကယ် (၆) စီးတို့ဖြင့် ဝင်ရောက်လာခဲ့ပြီး တမူး၊ ဂန့်ဂေါ၊ ပုဂံ၊ အင်းလေး၊ နမ့်စန်၊ ကျိုင်းတုံနှင့် တာချီလိတ်မြို့များသို့ (၇) ရက်ကြာလည်ပတ်ခဲ့ပြီး တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်းချစ်ကြည်ရေးအမှတ်(၁)တံတားမှ ထိုင်းနိုင်ငံဘက်သို့ ထွက်ခွာသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စင်္ကာပူနိုင်ငံသား(၁)ဦးနှင့် မလေးရှားနိုင်ငံသား(၂၇) ဦးပါခရီးသွားအဖွဲ့သည် မော်တော်ယာဉ် (၉)စီးဖြင့် ဒီဇင်ဘာလ (၉) ရက်နေ့တွင် မြန်မာ - ထိုင်း နယ်စပ်ဖြစ်သည့် မြဝတီနယ်စပ်ဂိတ်မှ ဝင်ရောက်လာခဲ့ပြီး မြဝတီ၊ ကျိုက်ထီးရိုး၊ ရန်ကုန်၊ နေပြည်တော်၊ ပုဂံ၊ မန္တလေး၊ အင်းလေး၊ နမ့်စန်၊ ကျိုင်းတုံနှင့် တာချီလိတ်မြို့များသို့ (၁၃) ရက်ကြာလည်ပတ်ခဲ့ပြီး တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားအမှတ်(၁)မှ ထိုင်းနိုင်ငံဘက်သို့ ထွက်ခွာသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

(၉)နိုင်ငံမှ ခရီးသွား (၃၇)ဦးပါဝင်သည့်အဖွဲ့ နိုင်ငံအတွင်းမှ ထွက်ခွာရေးလိုအပ်သည့် အထောက်အထားများ အတွက် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း လုံခြုံရေးရဲတပ်ဖွဲ့ တပ်ဖွဲ့စု(၁၄) တာချီလိတ်က သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်၍ စိစစ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - TP

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~