ကျောက်မဲမြို့နယ်တွင်းမှ ရာနှင့်ချီသော စစ်ဘေးရှောင်များကို လူမှုကူညီရေးအဖွဲ့က သယ်ထုတ်ပေးနေ

ကျောက်မဲမြို့နယ်တွင်းမှ ရာနှင့်ချီသော စစ်ဘေးရှောင်များကို လူမှုကူညီရေးအဖွဲ့က သယ်ထုတ်ပေးနေ

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချင်းချင်းကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ရသည့် ဒေသခံများကို ဒေသအခြေစိုက် လူမှုကူညီရေးအဖွဲ့ဖြစ်သည့် ကမ်းလင့်လက်များလူမှုကူညီရေးအသင်းက ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၄) ရက်နေ့တွင်  သယ်ထုတ်ပေးနေသည်ကို တွေ့ရသည်။

အသင်းအနေဖြင့် စစ်ရှောင်ပြည်သူ(၂၀၀)ကျော်ကို ကျောက်မဲမြို့ရှိ မန်ခါမန်ကျောင်း ဘုန်းတော်ကြီးကျောင်းသို့ ယနေ့ နေ့လည်ပိုင်းတွင် ပို့ဆောင်ထားပြီး ဒုတိယအသုတ် စစ်ဘေးရှောင်များကို ထပ်မံသယ်ယူနေကြောင်း သိရသည်။

ကျောက်မဲမြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ အချင်းချင်းဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒေသခံအများအပြား နေရပ်စွန့်ခွာ ထွက်ပြေးနေကြရခြင်းဖြစ်သည်။

 

Photo: ကမ်းလင့်လက်များ လူမှုကူညီရေးအသင်း