ရှမ်း - ကယားနယ်စပ်တွင် အာဏာသိမ်းစစ်တပ်၏ ထိုးစစ်ကြောင့် သီးနှံရိတ်သိမ်းနေသည့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

 Photo: PKPF
Photo: PKPF
ရှမ်း - ကယားနယ်စပ်တွင် အာဏာသိမ်းစစ်တပ်၏ ထိုးစစ်ကြောင့် သီးနှံရိတ်သိမ်းနေသည့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ
နိုဝင်ဘာ 2, 2021 | ကယား

ရှမ်း - ကယားနယ်စပ်၊ ဖယ်ခုံမြို့နယ်၏ အနောက်မြောက်ဘက်တွင် အာဏာသိမ်းအကြမ်းဖက်စစ်တပ်က ယနေ့ ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၂)ရက်နေ့တွင် စစ်အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်နေသည့်အတွက် လွယ်လုံ လွယ်ဟွဲဒေသမှ သီးနှံရိတ်သိမ်းနေသည့် ပြည်သူများမှာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်သည် ရှမ်း - ကယားနယ်စပ်တွင် လက်နက်အင်အား၊ လူအင်အားအများအပြားဖြင့် ထိုးစစ်ဆင်နေသည့်အပြင် ကျေးရွာများအတွင်း ဝင်ရောက်ပြီး နေအိမ်အတွင်း ရှာဖွေကာ ပစ္စည်းများခိုးယူ မီးရှို့ခြင်းများ ပြုလုပ်သည့်အပြင်  ရိုက်နှက်စစ်ဆေးခြင်းများပါ ပြုလုပ်နေ၍ ကျေးရွာများနေ ဒေသခံ ပြည်သူများမှ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများထံက သိရသည်။