အောင်မြေသာစံမြို့နယ်အတွင်း မနက်နှင့်ညနေပိုင်းတို့တွင် ရပ်ကွက်ရုံး (၂)ရုံး ဗုံးပေါက်ကွဲ

အောင်မြေသာစံမြို့နယ်အတွင်း မနက်နှင့်ညနေပိုင်းတို့တွင် ရပ်ကွက်ရုံး (၂)ရုံး ဗုံးပေါက်ကွဲ
ဖေဖော်ဝါရီ 2, 2022 | အခြားဒေသများ

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်အတွင်း ယနေ့ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၂)ရက်နေ့ နံနက်ပိုင်း နှင့် ညနေပိုင်းတို့တွင် ရပ်ကွက်ရုံးတို့တွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့ ဖေဖော်ဝါရီလ(၂)ရက်နေ့ ညနေ (၄)နာရီဝန်းကျင်က အောင်မြေသာစံမြို့နယ်တွင်းရှိ ပြည်ကြီးကျက်သရေအရှေ့ရပ်ကွက်ရုံး  ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။ 

ဗုံးပေါက်ပြီးရင် ရမ်းပစ်တတ်တော့ ဘယ်သူမှ သွားမကြည့်ရဲဘူး။ ဘယ်လောက်ဒဏ်ရာရလဲ မသိရသေးဘူး

ဟု ရပ်ကွက်နေပြည်သူတစ်ဦးကTachileik News Agency သို့ ပြောသည်။

အဆိုပါ ရပ်ကွက်ရုံးတွင် စစ်ကောင်စီတပ်သားများ ရှိနေခြင်းကြောင့် ဗုံးပေါက်သံကြားပြီး မည်သူမျှ ထွက်မကြည့်ကြ ကြောင်းပြောသိရသည်။

ယနေ့ နံနက်(၅)နာရီဝန်းကျင်ကလည်း အောင်မြေသာစံမြို့နယ်ပုလဲငွေရောင်ရပ်ကွက်ရုံး ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူမရှိကြောင်း ရဲအသိုင်းအဝိုင်းထံက သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းကလည်း အောင်မြေသာစံမြို့နယ်အတွင်း အောင်မြေသာစံရပ်ကွက်ရုံး၊ ညောင်ကွဲရပ်ကွက်ရုံးနှင့် အမရဌာနီ အနောက်ရပ်ကွက်ရုံးတို့ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။