မြို့လှမြို့နယ်အတွင်း စစ်ဗျူဟာမှူး ပါသည့် စက်လှေကို PDF က စောင့်ကြို တိုက်ခိုက်၍ စစ်ကောင်စီတပ်သားများ ရေထဲ ခုန်ချသွား

မြို့လှမြို့နယ်အတွင်း စစ်ဗျူဟာမှူး ပါသည့် စက်လှေကို PDF က စောင့်ကြို တိုက်ခိုက်၍ စစ်ကောင်စီတပ်သားများ ရေထဲ ခုန်ချသွား

ကချင်ပြည်နယ်အတွင်း မြို့လှမြို့၊ လုတ်တိုင်းချောင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဘက်က စစ်ဗျူဟာမှူး ပါလာသည့် စက်လှေကို  PDF က စောင့်ကြိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်သားများ ရေထဲခုန်ချထွက်ပြေးကြကြောင်း မြို့လှ ပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ထားသည်။

စက်လှေပေါ်တွင် စစ်ဗျူဟာမှူး ကျော်မျိုးထိုက် နှင့် ဗိုလ်ကြီးနေထက်ပိုင် အပြင် ဆေးဗိုလ်ကြီးတစ်ဦး အပါအဝင် (၁၀)ဦးဝန်းကျင် လိုက်ပါလာသည့် စက်လှေတစ်စီးသည် ချောင်းဝရွာမှ အထက်ဖက်သို့ ထွက်ခွာစဉ် သာယာကုန်းအထက်ဖက်ရှိ လုတ်တိုင်းချောင်းတွင် နေ့ ၂၀၂၂ခုနှစ် မတ်လ(၁၁)ရက်နေ့ နံနက် (၁၀)နာရီခွဲဝန်းကျင်အချိန်က မြို့လှ PDF ၏ တပ်ခွဲ(၁)မှ ဗိုလ်မိုဃ်းကြိုး ဦးဆောင်သည့် တပ်ဖွဲ့က စောင့်ကြိုတိုက်ခိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

 

ယင်း စက်လှေသည် ချောင်းဝရွာမှ ဗန်းမော်မြို့သို့ တပ်ပြောင်းရွှေ့ရန် ထွက်ခွာစဥ် မြို့လှ PDF တပ်မှ လုတ်တိုင်းချောင်းတွင် စောင့်ကြိုတိုက်ခိုက်ခဲ့ပြီး  (၁၀)မိနစ်ဝန်းကျင်အကြာတွင် စစ်ကောင်စီတပ်ဘက်က ပြန်လည်ပစ်ခတ်နိုင်ခဲ့ခြင်းမရှိဘဲ  ရေထဲသို့ ခုန်ချထွက်ပြေးကြကြောင်း သိရသည်။