NUG ၏ ကုလဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးဆောင်တင်သွင်းသည့် နျူကလီးယားဖျက်သိမ်းရေးဆိုင်ရာ ဆုံးဖြတ်ချက်အဆိုမူကြမ်း ကုလညီလာခံတွင် အတည်ပြု

NUG ၏ ကုလဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးဆောင်တင်သွင်းသည့် နျူကလီးယားဖျက်သိမ်းရေးဆိုင်ရာ ဆုံးဖြတ်ချက်အဆိုမူကြမ်း ကုလညီလာခံတွင် အတည်ပြု
အောက်တိုဘာ 28, 2021 | နိုင်ငံတကာသတင်း

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၂၇) ရက်နေ့က ကျင်းပသည့် (၇၆) ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပထမကော်မတီ (လက်နက်ဖျက်သိမ်းရေးနှင့် နိုင်ငံတကာလုံခြုံရေးကော်မတီ) ၌ မြန်မာနိုင်ငံမှ ဦးဆောင်တင်သွင်းသည့် နျူကလီးယား လက်နက်ဖျက်သိမ်းရေးဆိုင်ရာ ဆုံးဖြတ်ချက်အဆိုမူကြမ်းအား အတည်ပြုလိုက်ကြောင်း သိရသည်။

အဆိုပါ ညီလာခံတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှ ဦးဆောင်တင်သွင်းသည့် အဆိုပါ နျူကလီးယားလက်နက်ဖျက်သိမ်းရေး ဆိုင်ရာ ဆုံးဖြတ်ချက် အဆိုမူကြမ်း A/C.1/76/L.39 ကို မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ (၁၁၉) မဲ၊ ကန့်ကွက်မဲ (၄၁) မဲ၊ ကြားနေမဲ (၂၃) မဲ ဖြင့် အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။