ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်း၏ နေအိမ် ပေါက်ကွဲမှု ဖြစ်ပွား

ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်း၏ နေအိမ် ပေါက်ကွဲမှု ဖြစ်ပွား
အောက်တိုဘာ 28, 2021 | ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက် သပြေလမ်း၊ နယ်မြေ(၂)ရှိ ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန၏ ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်း၏ နေအိမ် ဗုံးပေါက်ကွဲမှု ဖြစ်ပွားကြောင်း သိရသည်။

ယနေ့ ၂၀၂၁ခုနှစ်‌ အောက်တိုဘာလ(၂၈)ရက်နေ့ နေ့လည်(၁၂)နာရီကျော်အချိန်က ပေါက်ကွဲမှု ဖြစ်ပွားခြင်း ဖြစ်ပြီး  ထိခိုက်ဒဏ်ရာရရှိမှု ရှိမရှိကိုတော့ စုံစမ်းနေဆဲဖြစ်သည်။

ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် အာဏာသိမ်းစစ်တပ်၏ စစ်သား နှင့် လက်အောက်ခံ ရဲများ ရောက်ရှိလာပြီး စစ်ဆေးမှုများ ပြုလုပ်သည်ဟု သိရသည်။

ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းသည် စည်ပင်ဝန်ထမ်း အသိုင်းအဝန်းတွင် လက်အောက်ဝန်ထမ်းများကို ဖိအားပေးသူတစ်ဦးဖြစ်သည်သူဟု ကျော်ကြားသည်။