ဖောက်ခွဲတိုက်ခိုက်မှုများတွင် ပြည်သူများဘေးကင်းရေး စစ်ကောင်စီထောက်တိုင်များနှင့် ဝေးဝေးနေရန် အထူးတိုက်ခိုက်ရေးအဖွဲ့က အသိပေး

ဖောက်ခွဲတိုက်ခိုက်မှုများတွင် ပြည်သူများဘေးကင်းရေး စစ်ကောင်စီထောက်တိုင်များနှင့် ဝေးဝေးနေရန် အထူးတိုက်ခိုက်ရေးအဖွဲ့က အသိပေး
အောက်တိုဘာ 27, 2021 | အခြားဒေသများ

ဖောက်ခွဲတိုက်ခိုက်မှုများတွင် ပြည်သူများဘေးကင်းရေး စစ်ကောင်စီထောက်တိုင်များနှင့်  ဝေးဝေးနေရန် အထူးတိုက်ခိုက်ရေးအဖွဲ့က အသိပေး

 * * * * *

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ သိပ္ပံလမ်းပေါ်ရှိ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန( ကညန) တိုင်းဒေသကြီး ဦးစီးမှူးရုံးရှေ့တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး  ထိခိုက်ဒဏ်ရာရရှိသူ ပြည်သူများရှိခဲ့သည့်အတွက် အထူးတိုက်ခိုက်ရေးအဖွဲ့ဖြစ်သည့် SAF - Special Attacking Force (Upper Burma)က ပြည်သူများဘေးကင်းရေး စစ်ကောင်စီထောက်တိုင်များနှင့်  ဝေးဝေးနေရန် အသိပေးချက် ထပ်မံ ထုတ်ပြန်လာသည်။

အာဏာသိမ်းစစ်တပ်၏ အုပ်ချုပ်ရေးယန္တရားများ လည်ပတ်နိုင်ရန်အတွက် ကျားကန်ပေးနေသည့် အုပ်ချုပ်ရေးမှူးရုံးများ၊ လျှပ်စစ်မီတာရုံး၊ အခွန်ရုံး၊ ကညနရုံး စသည့် ရပ်တန့်ရေးအတွက် အသိပေးထားသော်လည်း ရုံးများဖွင့်လှစ်ခြင်း၊ ပြည်သူများမှ အခွန်အခ သွားရောက်ပေးဆောင်ခြင်းများ ပြုလုပ်နေသည့်အတွက် အခွန်အခရရှိနေသည့် ရုံးများတွင် မကြာခဏ ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့သည်။

ယင်းသို့ ပေါက်ကွဲမှုများ ဖြစ်ပွားရာတွင် ပြည်သူများထိခိုက်ရန် မရည်ရွယ်သည့်အတွက် ပြည်သူများအနေဖြင့် အာဏာသိမ်းစစ်တပ်၏ ထောက်တိုင်ရုံးများသို့ မသွားရောက်ကြရန် SAF က အသိပေးထားခြင်း ဖြစ်သည်။