ထိုင်းနိုင်ငံတွင် လေဆိပ်မှ ဝင်လာသူ တစ်သိန်းကျော်ကို စစ်ဆေးရာ သံသယလူနာ (၃)ယောက် တွေ့ရှိ

ထိုင်းနိုင်ငံတွင် လေဆိပ်မှ ဝင်လာသူ တစ်သိန်းကျော်ကို စစ်ဆေးရာ သံသယလူနာ (၃)ယောက် တွေ့ရှိ
မတ် 2, 2020
By 🌸

ထိုင်းနိုင်ငံတွင် လေဆိပ်မှ ဝင်လာသူ တစ်သိန်းကျော်ကို စစ်ဆေးရာ သံသယလူနာ (၃)ယောက် တွေ့ရှိ

ထိုင်းနိုင်ငံအတွင်း အပြည်ပြည်ဆိုင်ရာလေဆိပ် (၆)ခုမှ ဝင်လာသူအားလုံးကို စစ်ဆေးရာ ၂၀၂၀ ခုနှစ်၊ မတ်လ (၁)ရက်နေ့က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသည့် နိုင်ငံခြားသား (၃)ဦးကို စစ်ဆေးတွေ့ရသဖြင့် ကုသပေးနေကြောင်း သိရသည်။

ထိုင်းနိုင်ငံရှိ သုဝဏ္ဏဘူမိလေဆိပ်၊ ဒွန်မောင်းလေဆိပ်၊ ဖူးခက်လေဆိပ်၊ ချင်းမိုင်လေဆိပ်၊ မယ့်ဖားလုံ - ချင်းရိုင်းလေဆိပ်နှင့် ဟတ်ယိုင်လေဆိပ်တို့တွင်  ယခင်က တရုတ်နိုင်ငံမှ ဝင်ရောက်သည့် လေယာဉ်များကိုသာ စစ်ဆေးနေရာမှ လေဆိပ်တွင် ဝင်လာသူအားလုံးကို စစ်ဆေးလာခြင်းဖြစ်သည်။

အဆိုပါလေဆိပ်(၆)ခုမှ ဝင်ရောက်လာသည့် ခရီးသည်ပေါင်း (၁၀၅၆၆၇)ကို စစ်ဆေးရာ ဒွန်မောင်းလေဆိပ်တွင် ဂျပန်နိုင်ငံ နာရီတာလေဆိပ်မှ ပျံသန်းလာသည့်လေယာဉ်ဖြင့် လိုက်ပါလာသည့် အသက်(၃၉)နှစ်အရွယ် အိန္ဒိယနိုင်ငံသားတစ်ဦးမှာ နှာရည်ယို၊ ချောင်းဆိုးခြင်းမဖြစ်သော်လည်း ကိုယ်အပူချိန်မြင့်တက်နေသဖြင့် သံသယလူနာအဖြစ် စစ်ဆေးထားခြင်းဖြစ်ကြောင်းသိရသည်။

ဖူးခက်လေဆိပ်တွင် စင်္ကာပူမှလာသည့် ဂျာမန်အမျိုးသားတစ်ဦးနှင့် သုဝဏ္ဏဘူမိလေဆိပ်၌ တွေ့ရသည့် အသက် (၂၇)နှစ်အရွယ် ဂျပန်အမျိုးသမီးတစ်ဦးတို့မှာလည်း ကိုယ်အပူချိန်မြင့်တက်ခြင်း၊ နှာရည်ယို၊ ချောင်းဆိုးခြင်းများကြောင့် ဖူးခက်ဆေးရုံတွင် သံသယလူနာအဖြစ် သက်ဆိုင်ရာဆေးရုံအသီးသီးတွင် ထားရှိကုသပေးနေကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် မတ်လ (၁)ရက်နေ့အထိ အတည်ပြုလူနာ (၄၂)ဦးအနက် သွေးလွန်တုပ်ကွေးနှင့် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားသည့် အမျိုးသားတစ်ဦး မတ်လ (၁)ရက်နေ့က သေဆုံးသွားခဲ့ပြီး သံသယလူနာ (၃)ဦး ထပ်မံတွေ့ရှိရခြင်းဖြစ်သည်။

Tachileik News Agency
Ref: The Nation

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~