မြင်းမူမြို့ မြို့ရှောင်လမ်းတွင် ဦးခေါင်းပြတ် အမျိုးသားအလောင်း တွေ့ရှိ

မြင်းမူမြို့ မြို့ရှောင်လမ်းတွင် ဦးခေါင်းပြတ် အမျိုးသားအလောင်း တွေ့ရှိ

စစ်ကိုင်းတိုင်း မြင်းမူမြို့ မြို့ရှောင်လမ်း(အနောက်လမ်းဆုံအနီး)တွင် ဦးခေါင်းပြတ်ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသား အလောင်းကို ယနေ့ ၂၀၂၃ခုနှစ် ဇွန်လ(၁၇)ရက်နေ့ နံနက်ပိုင်းတွင် တွေ့ရှိခဲ့ကြောင်း သိရသည်။



အဆိုပါရုပ်အလောင်းကို မြင်းမူဆေးရုံသို့ ပို့ဆောင်ပြီးနောက် တပင်ရွှေထီးရပ်ကွက်နေအိမ်သို့ ပြန်လည်သယ်ယူ ပို့ဆောင်ကူညီပေးခဲ့ကြောင်း မြတ်သုခကျန်းမာရေးနှင့် လူမှုကူညီရေးအသင်းထံမှ သိရသည်။



အဆိုပါအမျိုးသားသည် မည်သည့်အတွက်ကြောင့် သေဆုံးကြောင်းကိုမူ Tachileik News Agencyအနေဖြင့် မသိရသေးပါ။



#TachileikNewsAgency

Photo : မြတ်သုခ ကျန်းမာရေးနှင့်လူမှုကူညီရေးအသင်း မြင်းမူမြို့