ထားဝယ်ခရိုင် NLD ရုံး ဖောက်ခွဲ ဖျက်ဆီးခံရ

ဖောက်ခွဲဖျက်ဆီးခံရပြီးနောက်
ဖောက်ခွဲဖျက်ဆီးခံရပြီးနောက်
ထားဝယ်ခရိုင် NLD ရုံး ဖောက်ခွဲ ဖျက်ဆီးခံရ
အောက်တိုဘာ 21, 2021 | အခြားဒေသများ

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ကရပ်ပြင်ရပ်ကွက်ရှိ  ထားဝယ်ခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)ရုံး ယနေ့ ၂၀၂၁ခုနှစ် အောက်တိုဘာလ(၂၁)ရက်နေ့ နံနက်အစောပိုင်းက ဖောက်ခွဲဖျက်ဆီးခံလိုက်ရကြောင်း သိရသည်။

ယခင်ပုံ

နံနက်(၂)နာရီဝန်းကျင်အချိန်က ပေါက်ကွဲမှုဖြစ်ပွားရာ ပေါက်ကွဲမှုပြင်းထန်ခြင်းကြောင့်အဆောက်အဦးတစ်ခုလုံး ပျက်ဆီးသွားသော်လည်း ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း သိရသည်။

ဖောက်ခွဲဖျက်ဆီးခံရပြီးနောက်

"ပေါက်ကွဲမှု ပြင်းချက်က ဘေးအိမ်ထိ နည်းနည်းထိတယ်။ ဒါကတော့ ဘယ်သူတွေ လုပ်လဲဆိုတာ အရှင်းကြီးပါပဲ"ဟု ဒေသခံ တစ်ဦးက Tachileik News Agency က ပြောသည်။

အောက်တိုဘာလ(၂၀)ရက်နေ့ကလည်း  မြိတ်မြို့၊ တပ်ပြင်ရပ်ရှိ မြိတ်ခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)ရုံး ဖောက်ခွဲခံရမှု ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။

 

Photo: CJ