မံစီမြို့နယ် မဂျီဂုံတပ်စခန်းမှ လက်နက်ကြီးများအပါအဝင် အများအပြား KIA သိမ်းဆည်းရရှိ

မံစီမြို့နယ် မဂျီဂုံတပ်စခန်းမှ လက်နက်ကြီးများအပါအဝင် အများအပြား KIA သိမ်းဆည်းရရှိ

ကချင်ပြည်နယ်၊ မံစီမြို့နယ်ရှိ စစ်ကောင်စီတပ်၏ မဂျီဂုံဗျူဟာကုန်းစခန်းမှ လက်နက်ခဲယမ်းများစွာကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

၂၀၂၄ခုနှစ် မတ်လ(၁)ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့ပြီး မတ်လ(၃)ရက်နေ့တွင် သိမ်းပိုက်ရရှိခဲ့သည့် မဂျီဂုံဗျူဟာကုန်းစခန်းမှ ဟောင်ဝစ်ဇာအမြောက် လက်နက်ကြီး (၂)လက်အပါအဝင် လက်နက်ခဲယမ်းများစွာကို သိမ်းဆည်းရရှိခဲ့သည်ဟု KIAနှင့် နီးစပ်သူများကပြောသည်။  

မဂျီဂုံဗျူဟာကုန်းစခန်းသည် စစ်ကောင်စီ၏ ခလရ(၁၀၂)၊ ခလရ(၂၅၀)၊ ခမရ(၄၂၇) တပ်ရင်းများ အထိုင်ချရာ နေရာဖြစ်ကာ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားပြီး သေဆုံးသူလည်းများသည်ဟု ဆိုသည်။

လက်ရှိတွင် KIA သည် မံစီမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ မံဝိန်းကြီးတပ်စခန်း၊ ကိုက်ထိပ်တပ်စခန်းနှင့် စီခမ်းကြီး(ဂျယ်ခမ်း)စခန်းတို့ကို သိမ်းပိုက်ထားသည်။

#TachileikNewsAgency