မဲဆွယ်စည်းရုံး၊ ဝန်းရံသူများ COVID 19 ကာကွယ်ရေးကို အလေးထားလိုက်နာကြရန် UEC မေတ္တာရပ်ခံ

မဲဆွယ်စည်းရုံး၊ ဝန်းရံသူများ COVID 19 ကာကွယ်ရေးကို အလေးထားလိုက်နာကြရန် UEC မေတ္တာရပ်ခံ
အောက်တိုဘာ 24, 2020
By 🌸
မဲဆွယ်စည်းရုံး၊ ဝန်းရံသူများ COVID 19 ကာကွယ်ရေးကို အလေးထားလိုက်နာကြရန် UEC မေတ္တာရပ်ခံ
နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ဝန်းရံပြည်သူများအနေဖြင့် ကျန်ရှိသည့် စည်းရုံးခွင့်ကာလ (၁၃) ရက်အတွင်း COVID 19 ကာကွယ်ရေးကို အလေးထားလိုက်နာကြရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၁၄)ရက်နေ့၌ မေတ္တာရပ်ခံစာ ထုတ်ပြန်လိုက်သည်။
ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်း၊ မဲဆွယ်စည်းရုံးခြင်းများဆောင်ရွက်ရာတွင် ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ လူတစ်ဦးနှင့် တစ်ဦး (၆)ပေအကွာနှုန်းဖြင့် တစ်ကြိမ်လျှင် လူ (၅၀)ဦးထက်မပိုစေဘဲ ပြုလုပ်နိုင်သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အမိန့်အမှတ် (၁၀၁/ ၂၀၂၀) ဖြင့် ထုတ်ပြန်ကြေညာထားသော်လည်း လိုက်နာဆောင်ရွက်မှု အားနည်းခြင်းများတွေ့နေရသဖြင့် ယင်းကဲ့သို့ မေတ္တာရပ်ခံချက် ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့၌ ကျင်းပမည်ဖြစ်ပြီး နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် မဲဆွယ်စည်းရုံးခြင်းကို နိုဝင်ဘာလ (၆)ရက်နေ့ ည (၁၂)နာရီအထိ ခွင့်ပြုထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် COVID 19 ပြည်တွင်းကူးစက်မှုဖြစ်ပွားနေပြီး နေ့စဉ် အတည်ပြုလူနာ ထောင်နှင့်ချီ၍ တိုးလာနေပြီး အောက်တိုဘာလ (၂၄) ရက်နေ့ ည (၈)နာရီအထိ အတည်ပြုလူနာ စုစုပေါင်း (၄၃,၇၈၈) ဦးရှိနေပြီဖြစ်သည်။
Tachileik News Agency
❂ #TachileikNewsAgency #TNA #TachileikOnlineNews  #Tachileik #Myanmar #MyanmarNews #MyanmaronlineNews❂

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~