ဒီးမော့ဆိုမြို့နယ်အတွင်း စစ်ဘေးရှောင်စခန်များသို့ ရိက္ခာပို့ပြီးပြန်လာသည့် ကားတစ်စီး ချောက်ထဲကျရာမှာ (၁)ဦး သေဆုံး

Photo: Free Burma Ranger-Karenni
Photo: Free Burma Ranger-Karenni
ဒီးမော့ဆိုမြို့နယ်အတွင်း စစ်ဘေးရှောင်စခန်များသို့ ရိက္ခာပို့ပြီးပြန်လာသည့် ကားတစ်စီး ချောက်ထဲကျရာမှာ (၁)ဦး သေဆုံး
အောက်တိုဘာ 14, 2021 | ကယား

 ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်း စစ်ဘေးရှောင်များရှိနေရာ နေရာသို့ ရိက္ခာသွားပို့ပြီး ပြန်လာသည့် Free Burma Ranger- Karenni အဖွဲ့၏ ကားတစ်စီး ချောက်ထဲကျသွားရာမှ တစ်ဦးမှာ ဒဏ်ရာရရှိပြီး သေဆုံးသွားကြောင်း သိရသည်။

၂၀၂၁ခုနှစ် အောက်တိုဘာလ(၁၁)ရက်နေ့ ညနေ(၃)နာရီဝန်းကျင်အချိန်က ရိက္ခာပို့ပြီး ပြန်လာသည့် ကားတွင် Free Burma Ranger- Karenni အဖွဲ့ဝင်(၅)ဦး နှင့်လိုက်ပါပြီး ကူညီဆောင်ရွက်သူ (၃)ဦးမှ လိုက်ပါကူညီသူ တစ်ဦး ဒဏ်ရာရရှိပြီး သေဆုံးသွားခြင်း ဖြစ်သည်။

သေဆုံးသွားသူမှာ အသက်(၃၆)နှစ်အရွယ် ဦးစေရယ်ဆိုသူဖြစ်ကြောင်း သိရသည်။

Free Burma Ranger-Karenni အဖွဲ့သည် ကယား(ကရင်နီ)ပြည်နယ်အတွင်း တိုက်ပွဲကြောင့် တောတောင်များအကြား ထွက်ပြေးတိမ်းရှောင်နေရင်း ရိက္ခာပြတ်လပ်နေသည့် စစ်ရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာများ ထောက်ပံ့ပေးနေလျက်ရှိသည်။