UWSA "ဝ"တပ်ဖွဲ့ဝင်များ နှင့် မိသားစုဝင်များကို စစ်တပ်က ဆေးဘက်ဆိုင်ရာသင်တန်း ပို့ချပေးနေ

ဆေးဘက်ဆိုင်ရာသင်တန်း အမှတ်စဉ်(၁/၂ဝ၂၁)၏ ဖွင့်ပွဲပုံ
ဆေးဘက်ဆိုင်ရာသင်တန်း အမှတ်စဉ်(၁/၂ဝ၂၁)၏ ဖွင့်ပွဲပုံ
UWSA "ဝ"တပ်ဖွဲ့ဝင်များ နှင့် မိသားစုဝင်များကို စစ်တပ်က ဆေးဘက်ဆိုင်ရာသင်တန်း ပို့ချပေးနေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊   “ဝ”တောင်ပိုင်း   ဝမ်ဟုတ်ဒေသတွင်းရှိ ဝမ်ဟုန်ဆေးရုံတွင် UWSA "ဝ"တပ်ဖွဲ့ဝင်များ နှင့် မိသားစုဝင်များကို စစ်တပ်က ဆေးဘက်ဆိုင်ရာသင်တန်း နှင့် မွမ်းမံသင်တန်းများကို ပို့ချပေးနေကြောင်း သိရသည်။

ဆေးဘက်ဆိုင်ရာသင်တန်း အမှတ်စဉ်(၁/၂ဝ၂၁)၏ သင်တန်းဆင်းပွဲ ပုံ

တြိဂံဒေသတိုင်း စစ်ဌာနချုပ်၊ နယ်မြေခံ ဆေးတပ်ရင်းမှ ဆေးတပ်ဖွဲ့ဝင်များက  UWSA "ဝ"တပ်ဖွဲ့ဝင်များ နှင့် မိသားစုဝင်များကို ဆေးဘက်ဆိုင်ရာသင်တန်း အမှတ်စဉ်(၂/၂ဝ၂၁) နှင့် ဆေးဘက်ဆိုင်ရာသင်တန်း အမှတ်စဉ်(၁/၂ဝ၂၁)အတွက် မွမ်းမံသင်တန်းကို ဧပြီလ(၅)ရက်နေ့က စ၍ ပို့ချပေးနေခြင်း ဖြစ်သည်။

ဆေးဘက်ဆိုင်ရာသင်တန်း အမှတ်စဉ်(၁/၂ဝ၂၁)၏ သင်တန်းဆင်းပွဲ ပုံ

ဆေးဘက်ဆိုင်ရာသင်တန်း အမှတ်စဉ်(၁/၂ဝ၂၁)၏ သင်တန်းဆင်းပွဲကို  ၂၀၂၁ခုနှစ် မတ်လ(၁၂)ရက်နေ့က ပြုလုပ်ခဲ့ပြီး အဆိုပါသင်တန်းအတွက် မွမ်းမံသင်တန်းကို ယခုအခါမှာ ပို့ချပေးနေပြီး မွမ်းမံသင်တန်း နှင့်အတူ အမှတ်စဉ်(၂/၂ဝ၂၁)တို့ကိုပါ မေလ(၂၁)ရက်နေ့အထိ ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။   

ဆေးဘက်ဆိုင်ရာသင်တန်း အမှတ်စဉ်(၁/၂ဝ၂၁)၏ သင်တန်းဆင်းပွဲ ပုံ

ပုံအညွန်း - ဆေးဘက်ဆိုင်ရာသင်တန်း အမှတ်စဉ်(၁/၂ဝ၂၁)၏ သင်တန်းဆင်းပွဲတုန်းက ပုံများ နှင့်  အမှတ်စဉ်(၂/၂ဝ၂၁)၏ ဖွင့်ပွဲ ပုံများ ဖြစ်သည်။



ဓါတ်ပုံ -   CINCDS