COVID 19 တိုက်ဖျက်ရေးအတွက် ယူနန်ပြည်နယ်မှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့ မြန်မာနိုင်ငံသို့ ထွက်ခွာလာ

COVID 19 တိုက်ဖျက်ရေးအတွက် ယူနန်ပြည်နယ်မှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့ မြန်မာနိုင်ငံသို့ ထွက်ခွာလာ
ဧပြီ 8, 2020
By Tachileik News Agency
COVID 19 တိုက်ဖျက်ရေးအတွက် ယူနန်ပြည်နယ်မှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့ မြန်မာနိုင်ငံသို့ ထွက်ခွာလာ

မြန်မာနိုင်ငံတွင် COVID 19 တိုက်ဖျက်ရေးအတွက် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် (၁၂)ဦး ပါဝင်သည့်အဖွဲ့ ၂၀၂၀ ခုနှစ်၊ ဧပြီလ (၈)ရက်နေ့ နံနက်ပိုင်းက  မြန်မာနိုင်ငံသို့ စတင် ထွက်ခွာလာပြီဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှ စတင်ဖြစ်ပွားပြီး ကမ္ဘာ့နိုင်ငံအနှံ့အပြားသို့ ပျံ့နှံ့သွားပြီဖြစ်သည့် COVID 19 ကမ္ဘာ့ ကပ်ရောဂါကို တိုက်ဖျက်ရေးအတွက် တရုတ်ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့များကို ကမ္ဘာ့နိုင်ငံ အနှံ့အပြားသို့ စေလွှတ်ပေးနေခြင်းဖြစ်သည်။

ကမ္ဘာတွင် ဧပြီလ (၈)ရက်နေ့အထိ အတည်ပြုလူနာပေါင်း (၁,၄၃၀,၁၄၁)ဦးရှိနေပြီး မြန်မာနိုင်ငံတွင် အတည်ပြုလူနာ (၂၂)ဦးတွေ့ထားသည့်အနက် (၂)ဦးမှာ သေဆုံးသွားပြီ ဖြစ်သည်။

ယူနန်ပြည်နယ်မှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် (၁၂) ဦး ပါဝင်သောအဖွဲ့သည် ယူနန်ပြည်နယ်၊ ကူမင်းမြို့၊ ချမ်းရွှေအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့ ထွက်ခွာလာရာ ယူနန်ပြည်နယ်ပြည်သူ့အစိုးရ၊ ဒုတိယအုပ်ချုပ်ရေးမှူး H.E Mme. Li Malin၊ ယူနန်ပြည်နယ် ပြည်သူ့အစိုးရ၊ ဒုတိယအထွေထွေအတွင်းရေးမှူး Mr. Peng Yao Ming ယူနန်ပြည်နယ် ပြည်သူ့အစိုးရ နိုင်ငံခြားရေးရုံး၊ ညွှန်ကြားရေးမှူးချုပ် Mme. Pu Hong၊ ယူနန်ပြည်နယ် ကျန်းမာရေးကော်မရှင် အတွင်းရေးမှူး Mrs. Yang Yang တို့နှင့်အတူ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကောင်စစ်ဝန်ချုပ် ဦးထွန်းအောင်ကျော်တို့က လေဆိပ်သို့ လိုက်လံပို့ဆောင်သည်ဟု သိရသည်။

Tachileik News Agency
ဓါတ်ပုံ - MoFAM


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~